Home
မြန်မာသတင်း
ယုဇနဥယျာဉ်မြို့တော်၌ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး ကျည်ဆန်ထိမှန်သူများကို တရွတ်တိုက်ဆွဲခေါ်သွား
DVB
·
March 27, 2021
Yu5
Yu4
Yu3
Yu2
Yu
Yu

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မတ်လ ၂၇ ရက် မနက်က  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက လာရောက် ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ လက်ရှိအချိန်အထိ  ပြည်သူ အနည်းဆုံး  ၂ ဦးဒဏ်ရာရပြီး ၄ ဦးဖမ်းခံရတယ်လို့ အခင်းဖြစ်နေရာ ရောက်ရှိနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ကျည်ဆန်ဝမ်းဗိုက်ထိမှန်ထားတဲ့ ပြည်သူတစ်ဦးကို စစ်အုပ်စုက တရွတ်တိုက်ဆွဲခေါ်သွားပြီး သွေးထွက်လွန်နေတယ်လို့သိရပါတယ်။ ကျန်အလောင်းတွေကိုလည်း သယ်ယူသွားတယ်လို့ ပြောပါတယ်။ လတ်တလော သေဆုံးဒဏ်ရာရသူ စာရင်း အတိအကျ မသိရသေးပါဘူး။ 

ဆန္ဒပြရာမှာ ပါဝင်သူတွေကို ရဲနဲ့စစ်တပ်က အိမ်ပေါ်တွေအထိ ထုရိုက်ဖွင့်ပြီး ဖမ်းဆီးခေါ်ဆောင်နေပါတယ်။ ရပ်ကွက်အတွင်းကိုလ​ည်း စစ်ကားတွေနဲ့  လှည့်ပတ်သွားကာ အသံဗုံးအပြင် သေနတ်မိုးပေါ်ထောင်ပစ်ပြီး အပြင်ထွက်မလာဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024