Home
မြန်မာသတင်း
မွန်ညီညွတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်များအပါအဝင် ပါတီဝင်များနုတ်ထွက်
DVB
·
March 25, 2021
163904074_1564348380562758_9013764653334864083_o

မွန်ညီညွတ်ရေးပါတီက အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီးနောက် ပါတီဗဟိုအလုပ်မှုဆောင်တွေနဲ့ မြို့နယ်အဆင့် ပါတီ တာဝန်ရှိသူတွေ အစုလိုက် အပြုံအလိုက် ပါတီကနေ နုတ်ထွက်လာကြပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ပါတီဗဟိုကော်မတီဝင် အရေးပေါ် အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ခဲ့ရာမှာ အများစုထောက်ခံခဲ့တဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံ သဘောတူ လိုက်တာ ဖြစ်ပါတယ်။

အခုလို အခြေအနေကြောင့် မတ်လ၂၄ ရက်နေ့မှာ ပါတီရဲ့ ဗဟိုအလုပ်ဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ မြို့နယ်အဆင့် ပါတီ တာဝန်ရှိသူ ၂၀ ထက်မနည်း နုတ်ထွက်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ မှာ တာဝန်ထမ်းဆောင်နေသလို ပါတီတွဲဘက်အတွင်းရေးဖြစ်သူ နိုင်လယိတမကလည်း ပြည်နယ်အဆင့် ကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

ပါတီဗဟိုအလုပ်မှုဆောင်တွေ နုတ်ထွက်လာပေမယ့် ပါတီအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီက နုတ်ထွက်သူတွေထဲမှာ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် မွန်နိုင်ငံရေးမှာ သြဇာရှိတဲ့ ဒေါက်တာအောင်နိုင်ဦး တို့လို နိုင်ငံရေး သမားတွေလည်း ပါဝင်လာတာ ဖြစ်ပါတယ်။

ပါတီဝင်တွေ အစုံအလိုက် အပြုံအလိုက် နုတ်ထွက်လာတဲ့အတွက်ကြောင့် လာမယ့် ရက်ပိုင်းအတွင်း ပါတီဗဟိုအလုပ်မှုဆောင် အစည်းအဝေး ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024