Home
မြန်မာသတင်း
တောင်ကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ထိုင်သပိတ်ကို ရဲက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်လူစုခွဲ
နန်းမြနဒီ
·
March 4, 2021
156689192_288222786026430_4503652243698647724_n
156221395_478668729829848_3129523357816995864_n
156205126_3779445638791593_6415210358449036417_n
155827374_3011944452425071_4703710213094544968_n
155296964_3458515260924696_5198427022172213496_n
155138303_548208439419515_7633515685350364037_n
154250007_147241400584650_7934249175692864479_n

ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာ ပြီးခဲ့တဲ့ရက်က စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခဲ့ပေမဲ့ မြို့ခံပြည်သူတွေက ထိုင်သပိတ်တွေ ဆက်လက်ဆင်နွှဲနေကြပါတယ်။ 

တချို့ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ပေါက်ဖြိုခွဲနေတယ်လို့ ကျောင်းကြီးစုရပ်ကွက်နေ ပြည်သူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဟိုနေ့က ( မတ်လ ၂ ရက် ) နေ့က လူ ၅၀ လောက်ပါသွားတယ်လို့ကြားတယ်။ အဲဒါကြောင့် လမ်းပေါ်မထွက်ဘဲကိုယ့်ရပ်ကွက်ထဲမှာဘဲ ကိုယ့်ဟာကိုယ်ထိုင်သပိတ်လုပ်ကြတာ။ ဖမ်းသွားတဲ့ သူတွေ ပြန်လွှတ်ပေးဖို့လည်း အော်ပြီးတော့တောင်းဆိုတာပေါ့။ အဲဒါကို ကူညီကုန်း ရပ်ကွက် ဘက်မှာ စစ်တပ်ရော ရဲရောလာဝိုင်းပြီး မျက်ရည်ယိုဗုံးလား၊ အငွေ့တွေ ထွက်လာတယ် အဲဒါနဲ့ ပစ်တာပေါ့၊ သေနတ်သံလည်းကြားတယ်၊ ရာဘာကျည်လား၊ ကျည်အစစ်လားတော့ မသိဘူး။”

ထိုင်သပိတ်တွေကို နေ့ခင်းပိုင်းမှာ ပြန်ရုပ်သိမ်းခဲ့ကြပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူ သတင်း တွေတော့ မကြားမိသေးဘူးလို့ ဆိုပါတယ်။ 

ဒါပေမဲ့ စစ်တပ်နဲ့ရဲတွေက လမ်းသွားလမ်းလာတွေကို မထင်ရင်မထင်သလို ခေါ်စစ်ပြီး လက်ကိုင်ဖုံးတွေ ဖွင့်ကြည့်ကြောင်း၊ မိမိဖုန်းထဲမှာ ဆန္ဒပြပုံတွေရှိနေရင်ဖျက်ခိုင်းပြီး မဖျက်ရင်ဖမ်းမယ်လို့ ခြိမ်းခြောက်နေတယ်လို့  တောင်ကြီးဒေသခံက ပြောပါတယ်။ 

မတ်လ ၂ ရက်က ဆန္ဒပြပြီးထွက်ပြေးပုန်းရှောင်တဲ့သူတွေကို  ရဲက လိုက်လံဖမ်းဆီးရာမှာ အားလုံး အယောက် ၄၀ ကျော် ၅၀   အဖမ်းခံခဲ့ရပါတယ်။

အဖမ်းခံရသူတွေအထဲမှာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ၊ ရှေ့နေရဲ့ သားသမီးတွေပါ ပါဝင်ပြီး ကျောင်းအုပ်ကြီးနဲ့ မိဘအုပ်ထိန်းသူတွေက လွှတ်ပေးဖို့လိုက်ပြောပေမယ့် တစ်ယောက်မှလွှတ်မပေးဘဲ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၅၀၅ /ခ နဲ့ အရေးယူထားကာ ၁၅ ရက်ကြာရင် တရားရုံးထုတ်ဖို့ရှိပါတယ်။ 

မတ်လ ၂ ရက်နေ့က ဆန္ဒပြစစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတာကြောင့် ဆန္ဒပြလူငယ် တချို့က နီးစပ်ရာအိမ်ထဲ ဝင်ရောက်ပုန်းရှောင်ရာမှာ လူငယ်တွေဝင်သွားတဲ့ Morning Sun Cafe ဆိုင်ထဲကို ရဲတွေက တံခါးချိုးဖောက်ဝင်ရောက်ပြီး ဆိုင်ရှင်နဲ့တကွ ဆိုင်ထဲမှာ ကော်ဖီသောက်နေသူတွေကိုရော မဆီမဆိုင် ဝင်ရောက်ရိုက်နှက်ပြီး အယောက် ၂၀ လောက် ဖမ်းခေါ်သွားပါတယ်။ ဆိုင်ထဲက ခုံတွေ တက်ပလက်ကွန်ပြူတာတွေ ရိုက်ခွဲသွားတယ်လို့ တောင်ကြီးဒေသခံက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024