Home
မြန်မာသတင်း
ကယားပြည်နယ်ရှိ CDM ဝန်ထမ်းများကို GZ Kayah အဖွဲ့က စတင်ကူညီနေ
DVB
·
March 4, 2021

ကယားပြည်နယ်အတွင်း  အာဏာသိမ်းစစ်အုပ်စုကို အာဏာဖီဆန် CDM လုပ်ဆောင်နေတဲ့  ဝန်ထမ်းတွေအနေနဲ့ တစုံတရာအခက်အခဲရှိပါက  ကူညီဖို့ Generation Z Kayah ကစတင် လုပ်ဆော်နေပါတယ်။

သူတို့အဖွဲ့အနေနဲ့ အလှူငွေ  ကောက်ခံကာ ကူညီဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး မနေ့ မတ်လ ၃ ရက်နေ့ကစပြီး အခက်အခဲရှိတဲ့ CDM ဝန်ထမ်းတွေကို စတင်ကူညီနေတာလို့ Generation Z Kayah အဖွဲ့ဝင်တဦး ကပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကနေစပြီး အလှူငွေတွေကောက်ခံပြီး ကူညီဖို့စတင်နေတာပါရှင့်။  မနေ့ကစတင်ပြီးတော့ ကူညီ‌ပေးပါတယ်ရှင့် အခု‌လောလော်ဆယ်။ ကူညီရတဲ့အရေအတွက်က ၈၀ လောက်ပါရှင့်”။

လတ်တလောအထိ CDM လုပ်ဆောင်တဲ့ဝန်ထမ်းတဦးကို ကျပ် ၅၀၀၀၀ စီနဲ့  တခြား စားစရာတွေဖြစ်တဲ့ ကြက်သွန်၊ ဆား စတာ‌တွေကို ကူညီနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခက်အခဲရှိနေတဲ့သူအနေနဲ့ ဆက်သွယ်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ကယားပြည်နယ်မှာ ဌာနဆိုင်ရာတွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်မာရေးဝန်ထမ်းတွေ အများဆုံး CDM လုပ်ဆောင်ထားတယ်ဆိုတာသိရှိရသလို  CDM လုပ်ဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် အင်အားကလည်း တနိုင်ငံလုံးမှာ အများဆုံး ပြည်နယ်ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၄ ရက်နေ့အထိ ကယားပြည်နယ်အတွင်း CDM လုပ်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်ရှိတယ်လို့ ကယားပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကော်မတီ ဆီကနေ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024