ရွှေဘို စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လမ်းမတော်တလျှောက် ရဲတပ်ဖွဲ့တွေ၊ စစ်တပ်အင်အား အလုံးအရင်းနဲ့ လုံခြုံရေး ယူထားပေမယ့် GZ အပါအဝင် ပြည်သူလူထုက စစ်အစိုးရကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်ဆန္ဒပြနေပါတယ်။
ရပ်ကွက်ပြည်သူတွေက မိမိတို့ရပ်ကွက်အလိုက် အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လူငယ်တွေကလည်း စစ်အာဏာရှင်ကိုအလိုမရှိကြောင်း လမ်းကြားတွေမှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်ဓာတ်ပုံတွေကို စစ်အာဏာရှင်အလိုမရှိ စာတမ်းပါတဲ့ စတစ်ကာတွေကို လမ်းမတော်၊ လမ်းသွယ်တွေမှာ ကပ်ထားပြီး မနေ့ညကတည်းကတည်းက လမ်းမတော်တလျှောက် စတစ်ကာတွေ ကပ်ထားပေမယ့်လည်း ညတွင်းချင်း ဖျက်ဆီးခံရတယ်လို့ လူငယ်တစ်ယောက်က ပြောပါတယ်။