ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဂျပန်သံရုံးရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်မှာ ဆန္ဒပြနေသူတချို့ကို ရဲလုံခြုံရေးတပ်ဖွဲ့က ခြိမ်းခြောက်အော်ဟစ် လူစုခွဲခဲ့ပါတယ်။
ဂျပန်သံရုံးရှေ့မှာ လာရောက် ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်အများစုကတော့ လုံခြုံရေးရဲတွေ အများအပြားလာရောက်ချိန်မှာပဲ လူစုခွဲပြီး တခြားနေရာ ရွှေ့သွားခဲ့တာပါ။
ဒါပေမဲ့ လုံခြုံရေးစည်းအပြင်ဘက်မှာတော့ ပြည်သူတချို့က ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲ ဖြစ်လို့ လုံခြုံရေးတွေက အော်ဟစ်ခြောက်လှန့်ပြီး လူစုခွဲခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်သူတွေက နောက်ဆုတ် လူစုခွဲပေးခဲ့ပေမယ့် လုံခြုံရေးတွေကတော့ လိုက်လံနှောင့်ယှက်ခဲ့ကြပါတယ်။