ဗဟန်းမြို့နယ်၌ ရပ်ထားသည့်ကားများကို သံဃာနှင့်လူအချို့က တုတ်ဖြင့်ရိုက်ဖျက်ဆီးပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းဘေးတဘက်ခြမ်းက ဘုန်းကြီးကျောင်းတိုက်တွေရှိတဲ့ အတွင်းပိုင်းကနေ လူတစ်ချို့က ရပ်ကွက်နေပြည်သူတွေကို လေးခွတွေနဲ့ပစ်ခတ် ရန်ပြုတယ်ဆိုပြီး ဒီနေ့ နေ့လည် ၂ နာရီခွဲ လောက်မှာ ရက်ကွက်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း  ကမ္ဘာအေးဘုရားလမ်းနဲ့ ကြားတောရလမ်းထောင့်အနီး မီးပွိုင့်အနီးမှာ ရပ်ထားတဲ့ ကားတွေကို သံဃာတချို့နဲ့လူတချို့က တုတ်တွေနဲ့ ရိုက်ခဲ့လို့ ကားမှန်တွေ ကွဲသွားခဲ့ပါတယ်။ 

အဲ့ဒီလို အကြမ်းဖက်မှုလုပ်တဲ့ သံဃာတွေနဲ့ လူတွေကို ရပ်ကွက်နေပြည်သူတွေက လိုက်ရှာရာမှာ ဘုန်းကြီး ကျောင်းဝင်းထဲကနေ  ရန်ပြုတိုက်ခိုက်ခဲ့တာလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဘုန်းကြီးကျောင်းတွေရှိတဲ့ အတွင်းပိုင်းကနေ ပစ်ခတ်မှုတွေကြောင့်  ရပ်ကွက်နေပြည်သူ တွေက အထဲမဝင်ဘဲ အဲ့ဒီလမ်းကြားနဲ့ လမ်းတွေပေါ်မှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ရောက်လာပြီး ရဲအရာရှိ အပါအဝင် စုပေါင်း ၅ ယောက်လောက်က အရင်ဝင်သွားပြီး နောက် ၅ မိနစ်ကြာမှာ ရဲတစ်ဖွဲ့ဝင်သွားပါတယ်။ အဲ့ဒီနောက်ပိုင်း ကျန်တဲ့ ရဲတပ်ဖွဲ့ဝင်တချို့ အဲ့ဒီလမ်းကြားထဲမှာ နေရာယူပြီး အခြေအနေ မထူးခြားတော့တာကြောင့် ညနေ ၄ နာရီ ဝန်းကျင်မှာ လူတွေနည်းသွားပါတယ်။

အဲ့ဒီနောက် မနက်ပိုင်းက ကားတွေကို ရိုက်ခွဲဖျက်ဆီး ရန်ပြုသူတွေ ဝင်သွားတယ်ဆိုတဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က ရွှေကျင်တိုက်ကြီးကျောင်းကို ပြည်သူတွေက ညနေ ၄ နာရီခွဲ လောက်မှာ  သွားရောက်ရာမှာတော့ အတွင်းပိုင်းကနေ လေးခွ ကုန်းသီးတွေနဲ့ ပစ်ခတ်တယ်လို့ သတင်းယူနေတဲ့ DVB သတင်းထောက်က ပြောပါတယ်။

အဲ့ဒီ ရွှေကျင်တိုက်ကြီးကျောင်းဝင်းအဝကို ညနေ ငါးနာရီဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းဝန်းဘေးမှာ အတားအဆီတွေ ချကာ လုံခြုံရေး ယူထားလိုက်ပါတယ်။ 

အဲ့ဒီအတွင်းပိုင်းမှာ ဘုန်းကြီးကျောင်းတွေ များစွာရှိပြီး လမ်းသွယ်တချို့ ရှိပါတယ်။ အဲ့ဒီ နေရာဟာ ကြားတောရလမ်း ရေတာရှည်လမ်းဟောင်းနဲ့ ကမ္ဘာအေးဘုရားလမ်းတို့ရဲ့ နောက်ကျောအတွင်းဘက်မှာ တည်ရှိတဲ့နေရာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up