Home
မြန်မာသတင်း
မြဝတီဘဏ်များတွင် ငွေထုတ်ယူမှု ကန့်သတ်လိုက်သဖြင့် ငွေလာထုတ်သူများတိုးကြိတ်နေ
DVB
·
February 16, 2021
150165501_2766710360249110_8234554964728438970_o
150013941_2766710783582401_1865169396181429680_o
149825173_2766710296915783_7857015569958972343_o
149625500_2766710406915772_1675124241293516545_o
149295996_2766710740249072_4305950828879876740_o
148941108_2766710686915744_3901606210660821517_o
148923551_2766710546915758_4276412641980761274_o
148741994_2766710486915764_1522387324943006317_o

စစ်တပ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်တွေအားလုံးပိတ်ထားချိန်မှာ ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ခွဲတွေမှာတော့ ငွေလာထုတ်သူတွေများပြားနေပါတယ်။ 

တစ်ရက်ကိုငွေထုတ်မယ့်သူ အယောက် ၂၀၀ စာအတွက် တုံကင် ၂၀၀ သာ ထုတ်ပေးမှာ ဖြစ်ပြီး တုံကင်တစ်ခုကိုလည်း ငွေကျပ်သိန်း ၅၀ ထက် ပိုမထုတ်ပေးဘူးလို့ မြဝတီ ဝါးတန်းလမ်း ဘဏ်ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလို ငွေထုတ်ယူရမယ့်ပမာဏ ကန့်သတ်ထားတာဟာ ငွေအင်အားမလုံလောက်လို့ မဟုတ်ဘူးလို့ ဘဏ်တာဝန်ရှိသူတွေက ငြင်းဆိုပါတယ်။

ဘဏ်ငွေလာထုတ်သူအများစုကတော့ ပိုက်ဆံတွေ ဆုံးရှုံးသွားမှာစိုးတာကြောင့် လာရောက်ထုတ်ယူကြတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်အာခံတဲ့အနေနဲ့ ဘဏ်ဝန်ထမ်းတွေက အလုပ်မဆင်းပဲ CDM လှုပ်ရှားမှုမှာပါဝင်နေကြရာမှာ  မြန်မာနိုင်ငံတဝန်း ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလုဖြစ်နေပါတယ်။

ထက်ဝေအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024