
ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒီနေ့မနက် ဆက်လက်ကျင်းပနေပြီး ပြည်သူရဲတပ်ဖွဲ့ဝင် ၂ ဦး ပူးပေါင်း ပါဝင်လာကြတယ်လို့ သိရပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ အင်ဂျင်နီယာလူငယ်အသင်း၊ ပညာရေးဌာန၊ ကျန်းမာရေး၊ လျှပ်စစ်ဌာနဝန်ထမ်းပေါင်းစုံနဲ့ ဘားအံမြို့နယ်အတွင်းက အလုပ်သမား၊ လယ်သမား စတဲ့အလွှာပေါင်းစုံ အင်အားသိန်းချီ ပါဝင်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေ၊ စစ်အာဏာရှင် အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ်၊ အထိန်းသိမ်းခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွတ်စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ကရင်ပြည်နယ်မှာ ဘားအံမြို့မှာ ရဲတပ်ဖွဲ့အလုံးအရင်းပါဝင်တဲ့ မော်တော်ယာဥ်တန်းနဲ့ ကိုဗစ်ရောဂါဖြစ်ပေါ်နေတဲ့အတွက် လူစုလူဝေးမပြုလုပ်ဖို့နဲ့ ညမထွက်ရအမိန့် မလိုက်နာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ လိုက်လံသတိပေးတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရဲမင်းခေါင်