Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုကို မြစ်ကြီးနားပြည်သူများက ဒုတိယနေ့အဖြစ် ဆက်လက်ဆန္ဒပြ
DVB
·
February 9, 2021
148549115_2854760904851652_8469322186130158251_o
148547109_2854760724851670_7190749365584322424_o
148518900_2854760238185052_4015285421356652865_o
148512277_2854760538185022_6217532541381010812_o
148452810_2854759824851760_1882215293604611540_o
148255706_2854760371518372_632224356937653422_o
146948810_2854759954851747_737915619640449430_o

တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူခဲ့တာကို မကျေနပ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖေဖေါ်ဝါရီ ၉ ရက် မနက် ၉ နာရီကစပြီး  ရဟန်းရှင်လူ ပြည်သူတွေ ပူးပေါင်းပြီး ဒုတိယနေ့အဖြစ် ဆန္ဒပြနေပါတယ်။

ဆန္ဒပြသူတွေဟာ  စီတာပူရပ်ကွက် မနောကွင်းမှာ စတင်စုဝေးပြီးစတင်ဆန္ဒဖော်ထုတ်ခဲ့ရာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တားဆီးထားတဲ့အတွက် ထိုင်သပိတ်အဖြစ် ဆန္ဒပြခဲ့ရာမှ  ညှိနှိုင်းပြီး မြို့တွင်းလှည့်လည်မှုမပြုဘဲ ဧရာရပ်ကွက်ရှိ အမှတ် ၁အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ လူပေါင်းသိန်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊  ဒီမိုကရေစီ အရေးတော်ပုံအောင်ရမယ်၊  ပုကျွန်မခံပြီ စတဲ့စာသားတွေကို  အင်္ဂလိပ်-မြန်မာ-တရုတ် ဘာသာတွေနဲ့   ကတ်ထူစက္ကူပေါ်မှာရေးပြီး ကိုင်ဆောင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ နေ့လည် ၁၂ နာရီမှာ ဆန္ဒထုတ်ဖေါ်မှုငြိမ်းချမ်းစွာပြီးဆုံးပြီး လူစုခွဲလိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024