Home
မြန်မာသတင်း
ကနီမြို့နယ်တွင် ၆ ဘီးယာဉ်တိမ်းမှောက်ပြီး ၁ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ
DVB
·
January 13, 2021
136761229_398657567877107_2397060695565939025_n
136724994_398657537877110_8898490383729830657_n
137326334_398657501210447_567277716310667611_n
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အလောင်းတော်ကဿပဘုရားသို့ သွားရာလမ်း  ထိုးထောင်ကွေ့အနီးမှာ ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်လို့  ယာဉ်မောင်း ၁ ယောက် သေဆုံးပြီး လိုက်ပါလာသူ ၁၆ ယောက် ဒဏ်ရာရသွားပါတယ်။ ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီလောက်က ကနီမြို့နယ်၊ ကပိုင်ကျေးရွာအနောက်ဘက် ၇ မိုင်လောက်အကွာမှာ ပုလဲမြို့သို့ အုတ်ပို့ပြီးနောက် အလောင်းတော်ကဿပကနေ  ဘုရားဖူး ပြန်လာတဲ့  SKAT အမျိုးအစား မော်တော်ယာဉ်ဟာ  ဘရိတ်ပေါက်ပြီး ကမ်းပါးနံရံ တိုက်မိကာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက “ ကားပေါ်မှာပါလာတဲ့ ၁၆ ဦးပါတယ်။ ၁၆ ဦးလုံး ဒဏ်ရာရသွားတယ်လို့ ကနဦးသိရတယ်။ ကားက ဘရိတ်ပေါက်ပြီး ကမ်းပါးနံရံ တိုက်မိကာ ကွန်ကရစ်လမ်းပေါ် တိမ်းမှောက်ခဲ့ကာ ယာဉ်မောင်းက နေရာတင်သေဆုံးတယ်။ ကျန် ၁၆ ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့တယ်။ နီးစပ်ရာ ကပိုင်တိုက်နယ်‌ဆေးရုံက ကုသပေးနေတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာ‌တွေကို မုံရွာဆေးရုံကို လွှဲထားပါတယ်"လို့ ပြောပါတယ်။ ကားပေါ်မှာလိုက်ပါလာတဲ့ သူတွေဟာ ဘုတလင်မြို့နယ် နတ်ရွာကျေးရွာကဖြစ်တယ်လို့ သိရပါတယ်။ ကားတိမ်းမှောက်လို့ လူသေ‌ဆုံးမှုနဲ့ပတ်သက်ပြီး  ကနီမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့  ကနီမြို့နယ်စခန်းမှူး ဦးချစ်ဝေက ပြောပါတယ်။ သတင်း - ကျော်မင်းသန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024