Home
မြန်မာသတင်း
‘ဝ’ အထူးဒေသတွင် ကိုဗစ်-၁၉ လူနာသစ် ၆ ဦးတွေ့၊ အတည်ပြုလူနာပေါင်း  ၃၈ ဦး အထိရှိလာ
DVB
·
December 28, 2020
132324574_185408843300822_2274344076383962895_n
ရှမ်းပြည်နယ်ရှိ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့  အထူးဒေသ (၂) မှာ ကိုဗစ်-၁၉ လူနာသစ် ၆ ဦးထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ‘ဝ’ ဒေသ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။ လူနာသစ် ၆ ဦးစလုံးဟာ မိုင်းပေါက်ခရိုင်ကဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။  ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၉၄၃  ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ ပန်ခမ်းမြို့မှာ ၁၂ ယောက်၊ မိုင်းပေါက်ခရိုင်မှာ ၂၆ ယောက် စုစုပေါင်း အတည်ပြုလူနာ  ၃၈ ယောက် တွေ့ရှိထားပြီး သေဆုံးသူတော့ မရှိသေးပါဘူး။ အထူးဒေသ ၄ မိုင်းလားမှာလည်း  ဧရိယာတစ်ခုလုံးကို  Lockdown ချထားပြီး  လူတိုင်းစေ့ အခမဲ့ PCR စနစ်နဲ့ ကိုဗစ်-၁၉  ရောဂါ ရှိ မရှိ စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ ရပ်ကွက်နဲ့ အိမ်ခြေအလိုက် တစ်အိမ်ချင်းစီ  ကိုဗစ်-၁၉ စစ်ဆေးပေးနေတာဖြစ်ပြီး သတ်မှတ်ချက်မလိုက်နာဘဲ နေအိမ်အပြင်ထွက်ပါက ဒဏ်ငွေရိုက်ပြီး ပြစ်ဒဏ်ချမှတ်တာတွေလည်း ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024