Homeမြန်မာသတင်း
ဝိုင်းမော်တွင် ကွာရန်တင်းမ၀င်သူနှင့် မူးယစ်ဆေးဝါးရောင်း၀ယ်သူတို့တွင် ကိုဗစ်ပိုးတွေ့ ရှိ
ဝိုင်းမော်တွင် ကွာရန်တင်းမ၀င်သူနှင့် မူးယစ်ဆေးဝါးရောင်း၀ယ်သူတို့တွင် ကိုဗစ်ပိုးတွေ့ ရှိ
DVB
·
December 5, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ကွာရန်တင်း မ၀င်သူ ၁ ဦးနဲ့ မူးယစ်ဆေးဝါးရောင်း၀ယ်သူ အမျိုးသမီးတစ်ဦးမှာ ဒီဇင်ဘာ ၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတဦးက ပြောပါတယ်။
ဝိုင်းမော်မြို့ ဂွေထု အင်ဖူးယာန် ကျေးရွာမှာ နို၀င်ဘာ ၂၆ ရက်နေ့က မန္တလေးမှ ပြန်လာသူတစ်ဦး သတင်းမပို့သလို ကွာရန်တင်းမ၀င်ဘဲ နေထိုင်ရာမှ နေမကောင်းဖြစ် ချောင်းဆိုးလာတာကြောင့် မြစ်ကြီးနားဆေးရုံမှာ ပြသစစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။
နောက်တဦးကတော့ ဝိုင်းမော်မြို့မ ရက်ကွက် ၂ ခါ့တန်က မူးယစ်ဆေးဝါးရောင်း၀ယ်သူ အမျိုးသမီးတစ်ဦးကို မြစ်ကြီးနားအထူးမူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိပြီး အချုပ်မှာ ကျန်းမာရေးစစ်ဆေးစဉ် ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအဆိုပါလူနာတွေကို မြစ်ကြီးနားဆေးရုံကြီမှာ ကုသပေးပြီ ထိစပ်သူတွေနဲ့ နေအိမ်ကို လော့ဒေါင်းပြုလုပ်ထားကာ ကနဦးကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးထားတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က DVB ကိုပြောပါတယ်။
အရေးယူရုံနဲ့မပြီးဘဲ ပြည်သူများ ကွာရန်တင်း၀င်ပြီး ပူးပေါင်းပါ၀င်ပေးဖို့လည်း တိုက်တွန်းပါတယ်။
ဝိုင်းမော်ဆေးရုံမှာ ကုသပေးနေတဲ့ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးနှစ်ဦး ကျန်းမာရေးကောင်းမွန်တာကြောင့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ဆေးရုံဆင်းသွားခဲ့ပြီဖြစ်ကာ ဆေးရုံမျာ လူနာမရှိတော့ဘူးလို့ သိရပါတယ်။
ဇုန်းကျန်း CJ