Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်၌ အိုက်စ်မူးယစ်ဆေး ၁၆၀ ကီလိုဂရမ်ဖမ်းမိ၊ မြန်မာအပါအဝင် ၈ ဦး ဖမ်းဆီးခံရ
DVB
·
December 2, 2020
128169002_3681245145229382_9107883387431115087_o
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုန်မြို့နယ်ရှိ မြန်မာနယ်စပ်အနီးမှာ မနေ့ မနက်စောစောက အလေးချိန် ၁၈၀ ကီလိုဂရမ်ရှိ အိုက်စ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပြီး ပါဝင်ပတ်သက်သူ လူ ၈ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးထားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။  ချင်းရိုင်းခရိုင် စစ်တပ်၊ ရဲ နဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၁ ရက် မနက်က မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းကျေးရွာအုပ်စုထဲမှာ လုံခြုံရေး စောင့်ကြပ်စစ်ဆေးနေစဉ် မနက် ၆ နာရီလောက်မှာတော့ ဘန့်အာဟိုင်းကျေးရွာဘက်ကနေ ဆိုင်ကယ်တစ်စီး မောင်းနှင်လာကြောင်း၊ အဲဒီနောက် ဆာလာအိတ်တွေတင်ထားတဲ့ မော်တော်ဆိုင်ကယ် ၃ စီးဟာ အနောက်ကနေ လိုက်မောင်းလာတာ တွေ့ရတယ်လို့  တပ်ရင်း ၃ ရှေ့တန်းတပ်မှူး ဗိုလ်မှူး အူးလိုင်း ဆီမုန့်ဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။  အဲဒီနောက် ဟိုင်းလပ်ကားတစ်စီးကလည်း  ရောက်လာပြီး မလှမ်းမကမ်းမှာလာ ရပ်ထားကြောင်း၊ သူတို့တွေကို မသင်္ကာတဲ့အတွက် တာဝန်ရှိသူတွေက အဆိုပါနေရာတဝိုက်ကို  ပိတ်ဆို့ထားပြီး ဝင်ရောက်စစ်ဆေးရာမှာ ဆိုင်ကယ်နဲ့ တင်ဆောင်လာတဲ့ ဆာလာအိတ်စုစုပေါင်း ၇ လုံးရှိပြီး အထဲမှာ လက်ဖက်ခြောက်ထုတ်တံဆိပ်အိတ်တွေတွေ့ရကြောင်း၊ အဆိုပါအိတ်ထဲမှာ တော့ အိုက်စ်မူးယစ်ဆေးတွေ ထည့်ထားပြီး အလေးချိန်စုစုပေါင်း ၁၆၀ ကီလိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။  ဒီအမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ဆိုင်ကယ်မောင်းသူ ၃ ဦးနဲ့ အနောက်က လိုက်စီး လာသူ ၃ ဦးကိုရော ဟိုင်းလပ်စ်ကားပေါ်က လူ ၂ ဦးပါ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးထားကြောင်း၊ ရှေ့က အရင်ဆုံးမောင်းလာတဲ့ ဆိုင်ကယ်မှာ လမ်းပြဖြစ်ပြီး သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗိုလ်မှူး အူးလိုင်းက ပြောပါတယ်။  စစ်ဆေးချက်အရ အထုပ်တွေသယ်ဆောင်လာသူတွေဟာ မယ့်ကျန်းမြို့နယ် ပါတိန်းအုပ်စု ဆဲန်မိုင်ကျေးရွာကဖြစ်ပြီး ထိုင်းနဲ့ မြန်မာလူမျိုးတွေပါ ပါဝင်ကြောင်း၊  အချက်အလက်အသေးစိတ်နဲ့ ကွင်းဆက်တွေ ဖော်ထုတ်ဖမ်းဆီးရမိဖို့ ဆက်လက်စစ်ဆေးနေဆဲလို့ ဗိုလ်မှူး အူးလိုင်းက ပြောပါတယ်။  အိုက်စ်မူးယစ်ဆေးဖမ်းဆီးရမိတဲ့ အာဟိုင်းကျေးရွာဟာ မြန်မာနယ်စပ်နဲ့ ၅ ကီလိုမီတာ လောက်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024