Home
မြန်မာသတင်း
ကိုဗစ်-၁၉  လူနာ ၉၀,၀၀၀ ကျော်ဖြင့် မြန်မာက ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၆၈ ဖြစ်လာ
DVB
·
December 1, 2020
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ဟာ ၉၀,၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ ကူးစက်မှုအ မြင့်ဆုံးအဆင့် ၆၈ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် မှာ တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေနဲ့အတူ အချိန် ၈ လကျော် ရှိလာခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၉၀,၀၀၀ ကျော် လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် ပွားမှု ထပ်တိုးမလာစေဖို့ မကြာမီရောက်လာတော့မယ့် ပွင့်လင်းရာသီပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ၊ လူစူလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့၊ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ပန်ကြားထားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်း ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၆၃ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအတွက်ဟာ လည်း ၁၂ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၃  ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၂၇၃,၉၆၅ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁၃၇,၆၄၉ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၇၃,၁၂၀ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီး သီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါသန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံတွေ အဖြစ် ရုရှား၊ ပြင်သစ်၊ စပိန်၊ ယူကေ၊ အီတလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ မက္ကဆီကိုနဲ့ ဂျာမနီနိုင်ငံတွေက  အစဉ်လိုက် ရှိနေခဲ့တာပါ။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၅၃၀ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၇၁ နေရာထိ ကျဆင်းသွား ခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အ မြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ တူရကီနဲ့ အီရတ်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၉၆၂,၀၇၀ ယောက်၊ ၆၃၈,၈၄၇ ယောက်၊ ၅၅၂,၅၄၉ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၆၄,၉၃၂ ယောက်နဲ့ သေဆုံးသူ ၆,၆၄၄ ယောက် ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူဦးရေ ၅၃၈,၈၈၃ ယောက်၊ ၄၃၁,၆၃၀ ယောက်စီနဲ့ ကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအနေနဲ့ ရှိနေခဲ့ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၃၀ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၉၀,၇၁၃ ယောက်၊ သေဆုံးသူ ၁,၉၄၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၇၀,၁၅၆ ယောက်နဲ့ အာဆီယံ နိုင် ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှု နဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ ဒသမ ၁ သန်းကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက် ရှိနေတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၆၅,၆၉၇ ယောက်နဲ့ သေဆုံးသူ ၃၆၀ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၂၁၈ ယောက်နဲ့ သေဆုံးသူ အရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။     မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၉၉၈ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၄၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၂၃ ယောက်နဲ့  ၃၉ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၄၇ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၄၃ ဒသမ ၈ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024