Home
မြန်မာသတင်း
ကိုဗစ်ထောက်ပံ့ကြေး အပြည့်အဝမရသဖြင့် ချောင်းဦးတွင် ဆန္ဒပြ
Aung Ko Latt
·
November 18, 2020
125512573_1476225592582431_8727163842995873269_n
125512020_1476225942582396_137721397546135796_n
125877249_1476225615915762_3774443674908141276_n
125801530_1476225502582440_199226011629260463_n
125556408_1476225835915740_4048089692149350954_n
125396863_1476225539249103_8999829069380989536_n
125393498_1476225735915750_6440392181085676301_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့မှာ နိုင်ငံတော်က ထောက်ပံ့တဲ့ ကိုဗစ်ထောက်ပံ့ကြေး ငွေ အပြည့်အဝမရတာကြောင့် ငွေဖြတ်တဲ့အုပ်ချုပ်ရေးမှူးတွေကို အရေးယူပေးဖို့အတွက် ဒေသခံတွေက မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။  ဒီဆန္ဒဖော်ထုတ်ပွဲကို ကိုဗစ်ညွှန်ကြားချက်နဲ့အညီ လူ ၂၉ ဦးက ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာပါ။ ဆန္ဒဖော်ထုတ်ပွဲမှာ အခြေခံလူတန်းစားထောက်ပံ့ငွေ တန်းတူရရှိရေး၊ အဂတိမကင်းတဲ့ အုပ်ချုပ်ရေးမှူးတွေ အရေးယူပေးရေး စတဲ့ တောင်းဆိုချက်တွေကိုလည်း စီတန်းလှည့်လည်ရာမှာ ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ "လက်လုပ်လက်စားတွေကျတော့ မရဘူး။ အရင်က မရတာလည်း ရှိတယ်။ အရင်ကရပြီး အခုမရတာလည်းရှိတယ်။ စားနိုင်သောက်နိုင်သူတွေကျရပြီး တကယ်ရသင့်သူတွေကျ မရတာတွေလည်း ဖြစ်နေတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ သိအောင် အခုလို ဆန္ဒဖော်ထုတ်တာပါ။"လို့ ဦးဆောင်သူ မာန်ဇာမြေမွန်က ပြောပါတယ်။ ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့တာ ၄ ကြိမ်ရှိပြီလည်း ဖြစ်ပါတယ်။ ချောင်းဦးမြို့နယ်အတွင်း ‌ကျေးရွာပေါင်း ၈၉ ရွာရှိပြီး ကိုဗစ်ထောက်ပံ့ကြေးနဲ့ ပတ်သက်လို့ ဆန္ဒပြတာတော့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024