Home
မြန်မာသတင်း
မိတ္ထီလာတွင် သူနာပြုဆရာမ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 13, 2020
124385660_3426630684142591_6680605828884502279_o
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ဆေးရုံက အတည်ပြုလူနာတွေကို စောင့်ရှောက်ကုသပေးခဲ့တဲ့ သူနာပြုဆရာမ ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မိတ္ထီလာခရိုင်ဆေးရုံက သိရပါတယ်။ မိတ္ထီလာခရိုင် ဆေးရုံအုပ်ကြီးဒေါက်တာဦးညွှန့်စိန်က"အထက်တန်းသူနာပြုပါ။ ပိုးတွေ့ လူနာတွေထားတဲ့အဆောင်မှာ သူနာပြုဆရာမတွေပါတဲ့ ကျန်းမာရေးဝန်ထမ်း ၄-၅ ဦး လောက် အလှည့်ကျတာဝန်ချတယ်။ တာဝန်ပြီးရင်  ကွာရန်တင်းဝင်ရတယ်။ အခုလည်း တာဝန်ကျ ဝန်ထမ်းတွေ မနေ့က တာဝန်ပြီးလို့ ကွာရန်တင်း ဝင်နေကြတယ်။ ဒီနေ့တော့ အမြန်စစ်လို့ရတဲ့ RDT(Rapid test kit)နဲ့ စစ်ဆေးတာ ပိုးကူးစက်ခံထားရတာကို တွေ့တာပါ။ အခုတော့ ပိုးတွေ့လူနာဆောင်မှာ ဆရာမကို ထားပြီး ကုသပေးနေပါတယ်။"လို့ ပြောပါတယ်။ မိတ္ထီလာခရိုင်ဆေးရုံကြီးမှာ အမြန်လမ်း သီးကုန်းဂိတ်မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုလည်း ဆေးကုသပေးခဲ့ပါတယ်။ အခုအချိန်အထိ ကျန်းမာရေးဆရာမအပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၁၀၄ ဦးကို ဆေးကုသပေးနေပြီး ပိုးတွေလူနာ ၉၀ ဦးကတော့ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားခဲ့ပါတယ်။ ဆေးရုံမှာ ကိုဗစ်-၁၉ လူနာ  ၁၄ ဦးသာ ဆေးကုသမှူခံယူနေတာပါ။ မိတ္ထီလာမြို့မှာ ကာရန်တင်စင်တာ ၂၀ ကျော်ရှိနေပြီး  ကွာရန်တင်းဝင်နေသူ ၂၀၀ ကျော်ရှိနေတယ်လို့ ခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024