ဧရာဝတီတိုင်းတွင် မဲပေးရန်ပြန်လာသူ ၇၆ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၃ ဦး တွေ့
DVB
·
November 9, 2020

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၃ ဦး တွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာတွေထဲမှာ မဲပေးဖို့ပြန်လာတဲ့ စစ်ဆေးရေးဂိတ်မှာ ရောဂါပိုးတွေ့ရှိခဲ့သူ ၇၆ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့တာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က "ညောင်တုန်းပန်ဒိုင်ဂိတ်မှာ ၁၃၀၀ ကျော်စစ်တာ ၂၈ ယောက်တွေ့တယ်။ မအူပင်မှာ ၈၈၈ ယောက် စစ်တာ ၃၁ ယောက်တွေ့တယ်။ ဒေးဒရဲတံတားမှာ ၇၉၆ စစ်တာမှာ ၁၇ ယောက်မှာ ပိုးတွေ့ပါတယ်" လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ မြို့နယ် ၂၆ မြို့နယ်ရှိတဲ့အထဲက ၁၇ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ လူနာသစ်တွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၅၃၁ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၉၇၅ ဦးနဲ့ သေဆုံးလူနာ ၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
DVB