သံတွဲမြို့ အရှေ့တောင်ဘက်တွင် မြေငလျင်လှုပ်
DVB
·
November 7, 2020

ရခိုင်ပြည်နယ် သံတွဲမြို့ အရှေ့တောင်ဘက်မှာ ဒီနေ့ မွန်းလွဲပိုင်းက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၃ နာရီ၊ ၃၂ မိနစ်၊ ၄၂ စက္ကန့် အချိန်က သံတွဲမြို့ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈.၃၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၈ ဒီဂရီ၊ အနက် ၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။