ကလေးဝမြို့တွင် အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
November 1, 2020
စစ်ကိုင်းတိုင်း ကလေးဝမြို့မှာ မနေ့ညနေပိုင်းက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၂၈ မိနစ်၊ ၀၇ စက္ကန့် အချိန်က ကလေးဝမြို့ရဲ့ မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၃၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၀ ဒီဂရီ၊ အနက် ၅၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။