အားကောင်းသော အပူပိုင်းမုန်တိုင်း ဆာ့ဒယ်(လ်) ယနေ့ညနေ ဗီယက်နမ်ကို ဝင်မည်
DVB
·
October 25, 2020

ဒီနေ့နက် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော အပူပိုင်းမုန်တိုင်း “ဆာ့ဒယ်(လ်)” ဟာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ အရှေ့မြောက်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဒီနေ့ညပိုင်း ဗီယက်နမ် အထက်ပိုင်းဒေသတွေကို ဝင်ရောက်မယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်နဲ့ မွန်ပြည်နယ်တို့မျာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နဲ့ အနီးတဝိုက် ဒေသတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။