Home
မြန်မာသတင်း
ဖားကန့်တွင် လောင်းကစားပစ္စည်းသိုလှောင်ရုံ မီးလောင် 
DVB
·
October 19, 2020
121694201_3414162828698528_4204023615712324568_o
121614610_3414162785365199_7089003662034915593_o
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာရှိတဲ့ လောင်းကစားပစ္စည်း သိုလောင်ရုံတခု ဒီမနက် ဆယ်နာရီခွဲလောက်က မီးလောင်ကျွမ်းခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။ လောင်ကျွမ်းသွားတဲ့အဆောက်အအုံမှာ လျှပ်စစ်နဲ့ကစားရတဲ့ ဒေသအခေါ် ငါးမန်းဂိမ်း လောင်းကစားပစ္စည်းတွေ အများအပြားသိုလှောင်ထားတယ်လို့ ဆိုပါတယ်။  ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းက "လောင်တာက မနက် ၁၀ နာရီခွဲ လောက်က လောင်တာ၊ ငမန်းဂိမ်းပစ္စည်းတွေ ထည့်ထားတာ၊ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲပြီးတော့ လောင်တာပါ။ အဲဒီဟာအိမ်လုံးပဲလောင်တာပါ"လို့ ပြောပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ အဆိုပါ အိမ်ဟာ  အရင်က  ငမန်းဂိမ်းလောင်းကစားတွေ ဖွင့်ခဲ့တဲ့နေရာလို့ သိရပါတယ်။  ကိုဗစ်-၁၉ ကပ်ဘေးကာလကြောင့် အဆိုပါလောင်းကစားရုံတွေ ပိတ်ထားချိန်မှာ မီးလောင်ကျွမ်းခဲ့တာလို့ မီးလောင်တဲ့နေရာမှာရှိတဲ့ အိမ်ရှင်တွေက ပြောပါတယ်။ သတင်း - ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024