လှည်းကူး ကိုဗစ်ရောဂါကုသရေးဌာနတွင် တာဝန်ထမ်းရန် တပ်မတော်ဆေးဝန်ထမ်းများ သွားရောက်
DVB
·
October 11, 2020
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)မှာ တာဝန်ထမ်းဆောင်ဖို့ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ မနေ့က သွားပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အဲဒီမှာ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူတွေနဲ့ ဆေးမှူးဆရာဝန်တွေ ပါတဲ့ ဆေးအဖွဲ့တွေလည်း ပါဝင်ကူညီနေတယ်လို့ ဆိုပါတယ်။
ဒါဟာ ၉ ကြိမ်မြောက်သွားတဲ့အဖွဲ့ဖြစ်ပြီး မနေ့မနက်က တာဝန်လဲလှယ်ဖို့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။
တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဟာ ဧပြီ ၁၉ ရက်ကစလို့ ဖောင်ကြီး ကိုဗစ်ကုသရေးဌာနမှာ တာဝန်ထမ်းဆောင်တာဖြစ်ပြီး မေ ၉ ရက်မှာ ဒုတိယအကြိမ်၊ မေ ၃၀ ရက်မှာ တတိယအကြိမ်၊ ဇွန် ၂၀ ရက်မှာ စတုတ္ထအကြိမ်၊ ဇူလိုင် ၁၁ ရက်မှာ ပဉ္စမအကြိမ်၊ သြဂုတ် ၁ ရက်မှာ ဆဋ္ဌမအကြိမ်၊ သြဂုတ် ၂၂ ရက်မှာ သတ္တမအကြိမ်၊ စက်တင်ဘာ ၁၂ ရက်မှာ အဋ္ဌမအကြိမ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Photo : cincds