Home
မြန်မာသတင်း
လောင်းလုံးမြို့နယ်တွင် မီးလောင်မှုကြောင့် ၃ ဦး ဒဏ်ရာရ
DVB
·
September 28, 2020
120215510_940945809759934_1211596796879304058_n
120284153_940945783093270_1718379568398124378_n
120196015_940945749759940_7318012179760446146_n
120193901_940945849759930_6991462636629231913_n
120187098_940945923093256_4745654771711092495_n
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်က မီးလောင်မှုကြောင့် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးစိုးကျော်သူက ပြောပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်က စက်သုံးဆီရောင်းချနေတဲ့ နေအိမ်မှာ ဖုန်းအားသွင်းရာကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်း‌တာဖြစ်ပြီး တိုင်းနဲ့ခရိုင်က မီးသတ်အကူယာဉ်တွေနဲ့ စခန်းမှာရှိတဲ့‌ မီးသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပါတယ်။  မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦးကို လူမှုကူညီရေးအသင်းက ဆေးရုံ ပိုပေးခဲ့ပြီး ၁ ဦး စိုးရိမ်ရကာ မီးလောင်မှုကြောင့် ၈၇ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့  သိရပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မီးပေါ့ဆမှုနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ လောင်းလုံးမြို့နယ်မှာ အခုနှစ်အတွင်း နေအိမ်မီးလောင်မှု သုံးကြိမ်ရှိပြီလို့ သိရပါတယ်။ သတင်း- ကောင်းထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024