Home
မြန်မာသတင်း
ဆင်မကြီးမိုမိုကို ယာယီ ၃ လ မွေးစားလိုက်သည့် ပိုင်တံခွန်(ရုပ်သံ)
DVB
·
September 17, 2020
       ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က မိတ်ဆက်ထားတဲ့ တိရစ္ဆာန်လေးတွေကို ယာယီမွေး စားနိုင်မယ့် “Animal Adoption” အစီအစဉ်မှာ သရုပ်ဆောင်မော်ဒယ်လ်တယောက်ဖြစ်တဲ့ ပိုင်တံခွန်က ပါဝင်လှူဒါန်းမှုတခု လုပ်ဆောင်ခဲ့ပါတယ်။ တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့ ပိုင်တံခွန်က ဒီအစီအစဉ်မှာတော့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ရဲ့ စတားအသက် ၆၇ နှစ်အရွယ် ဆင်မကြီး မိုမိုကို ၃ လ ယာယီမွေးစားခဲ့ပြီး ရိုက်ကူးထားခဲ့တဲ့ အမှတ်တရ ပုံရိပ်တွေနဲ့ ရုပ်သံကို မျှဝေထားပါတယ်။ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲမော်ဒယ် ပိုင်တံခွန်ဟာ မြန်မာပရိသတ်တွေသာမက ထိုင်း အမျိုးသမီးပရိသတ်တွေအကြားမှာပါ ရေပန်းစားနေသူတဦးဖြစ်ကာ သူ့ရဲ့ တရားဝင် ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ်မှာ လတ်တလောအချိန်ထိ အားပေးကြတဲ့ ပရိသတ်(Followers) တသန်းခွဲကျော် ရှိနေပြီ ဖြစ်ပါတယ်။ မော်ဒယ်တယောက်အဖြစ်နဲ့ အစောပိုင်း အနုပညာလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ ပိုင်တံခွန်ဟာ နောက်ပိုင်းမှာတော့ ဂီတနဲ့ သရုပ်ဆောင်အနုပညာအလုပ်တွေ၊ စီးပွားရေး ကြော်ငြာပေါင်းများစွာမှာပါ ရိုက်ကူးအောင်မြင်နေခဲ့ပြီ ဖြစ်ပါတယ်။    ပိုင်တံခွန် ပါဝင်လှူဒါန်းခဲ့တဲ့ “Animal Adoption” အစီအစဉ်ကိုတော့ ရန်ကုန် တိရစ္ဆာန်ယျာဉ်က ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ထားခဲ့တာဖြစ်ပြီး မွေးစားနိုင်မယ့် တိရစ္ဆာန် တွေအနေနဲ့ ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံ၊ ပန်ဒါနီလေးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ မွေးစားခွင့်သက်တမ်းကို ၃ လ၊ ဒါမှမဟုတ် ၆ လထိ ရွေးချယ်နိုင်မှာဖြစ်ကာ မွေး စားသူတွေအနေနဲ့ ကိုယ်မွေးစားထားတဲ့ တိရစ္ဆာန်လေးတွေနဲ့ အကြိမ် ၃၀ သွားရောက် တွေ့ဆုံခွင့်နဲ့အတူ သူတို့အတွက် အစာအာဟာရကျွေးမွေးထောက်ပံ့တာတွေ၊ ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်တာတွေ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့ တိရစ္ဆာန်ချစ်သူတွေအနေနဲ့ အသေးစိတ်အချက်အ လက်တွေကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဖုန်းနံပါတ် – ၀၉ ၆၈ ၂၀ ၁၁ ၁၇၀ ကို ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024