Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း ၂၃၉၄၀ တန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ
DVB
·
August 24, 2020
118006073_1459412507585821_7620402052936277012_n
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်မှာ ငွေကျပ်သိန်း ၂၃၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ သြဂုတ်လ ၂၃ ရက် ညနေ ၅ နာရီခွဲလောက်က  အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရှာဖွေစစ်ဆေးနေစဉ် ရွှေဘိုမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာနေ သိန်းသားမောင်းနှင်ပြီး ဂွန်းအောင် စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာမှာ မူးယစ်ဆေးတွေတွေ့ရှိခဲ့တာပါ။ အဆိုပါယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာတဲ့ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈၈၀၀ ပြား (တန်ဖိုးငွေကျပ်သိန်း ၂၃၉၄၀ )၊ မြန်မာငွေ ၈၀၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိသူ ၂ ဦးကို အင်းတော်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေဝါးများဆိုင်ရာဥပဒေနဲ့  အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေကို ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- CCDACM
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024