Home
မြန်မာသတင်း
ပြည်ပလေကြောင်းခရီးစဉ်များ ဩဂုတ်လကုန်ထိ ထပ်မံရွှေ့ဆိုင်း
DVB
·
July 29, 2020
103675136_2905783409648484_2755104111302110953_o
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးအတွက် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် ပြည်ပလေကြောင်းခရီးစဉ်တွေကို လာမယ့် ဩဂုတ်လကုန်ထိ ထပ်မံရွှေ့ဆိုင်း လိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ထပ်မံတိုးမြှင့်ဖို့ မြန်မာနိုင်ငံ ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီဆုံးဖြတ်ချက်နဲ့အညီ ရွှေ့ဆိုင်းလိုက်တာလို့  ရန်ကုန်လေဆိပ်ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်မှာ သတင်းထုတ်ပြန်ပါတယ်။ လေဆိပ် Terminal 3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေ  ပြေးဆွဲပျံသန်းမှု တွေကိုတော့ ပုံမှန်အတိုင်းဝန်ဆောင်မှုပေးနေပြီး ခရီးသည်တွေကိုလည်း လေဆိပ်အတွင်း ချမှတ်ထားတဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ကြဖို့ အသိပေးနှိုးဆော်ထားတာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ဒီမနက်အထိ အတည်ပြုလူနာ ၃၅၁ ဦး၊ သေဆုံးသူ ၆ ဦး ရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဒသမ ၇ သန်း ကျော်၊ သေဆုံးသူ ၆၆၀,၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၁၀ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ- Yangon Aerodrome
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024