Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်
DVB
·
July 14, 2020
109115234_2367381926896588_1178916980723992359_o
107693865_2367381626896618_6641001216448056398_o
107663741_2367381776896603_4220252267558138861_o
107309175_2367381523563295_5544251966465303225_o
107005953_2367381686896612_4230960467379919248_o
106317928_2367381586896622_4793875194716666442_o
မကွေးတိုင်းဒေသကြီးအတွင်းမှာ လူထုအခြေပြုပြု ခရီးသွားလုပ်ငန်း(CBT) နှစ်ခု ဖွင့်လှစ်ထားပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမယ်လို့ ဟိုတယ်နှင့်ခရီသွား ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းတာဝန်ခံ ဦးမြင့်စိန်က "မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး CBT ကို ပခုက္ကူခရိုင် မြိုင်မြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်က နိုင်ငံခြားသားခရီးသည် တစ်ထောင်ဦးခန့် ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ မတ်လအထိ ၁၂၉ ဦးဝင်ရောက်ခဲ့တယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီးရဲ့ ဒုတိယမြောက် CBT ကိုတော့ ချောက်မြို့နယ်၊ မကျီးကန် ရွာမှာဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နိုင်ငံခြားသားခရီးသည် ၅၀၀ ကျော်လာရောက်ခဲ့ပြီးတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ မတ်လထိ ၃၀၀ ကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ စျေးနှုန်းအနေနဲ့ မြိုင်CBT မှာ နှစ်ညအိပ် ၃ ရက်ကို ၇၀ ဒေါ်လာ ကောက်ခံကာ မြိုင်CBT အနေနဲ့ ခရီးသည်တစ်ဦးကို ဒေသဖွံဖြိုးရေး ရန်ပုံငွေ ၁၀ ဒေါ်လာ ကောက်ခံပြီး၊မကျီးကန် CBT မှာတော့ မြန်မာငွေ ၁၀၀၀၀ ကျပ်ကောက်ခံကာ ဒေသဖွံ့ဖြို့ရေးလုပ်ငန်းတွေလုပ်ဆောင်တယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှုမရှိတော့တဲ့အတွက် ပြည်တွင်းခရီးသွားတွေအတွက် သင့်တော်တဲ့ နှုန်းထားတစ်ခုနဲ့ တည်းခိုနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါအပြင် သဘာဝရှုခင်းပြကွင်းပြကွက်ကောင်းမွန်တဲ့ ငဖဲမြို့နယ် နတ်ရေကန်တောင်၊ ထီလင်းမြို့နယ် ထန်းပင်ကုန်းရွာနဲ့ ပခုက္ကူမြို့နယ် ကျွန်းကလေးရွာတွေမှာ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024