ရန်ကုန်တွင် ငွေကျပ် ဘီလီယံ ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2020
(၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန် ၂၆ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်းယာဉ်ရပ်နားကွင်းမှာ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။
မီးရှို့ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါး တန်ဖိုးမှာ ကျပ် ၂၀၈ ဒသမ ၈၆၉၉ ဘီလီယံတန်ဖိုးရှိ ပြီး မူးယစ်ဆေးဝါးမှုပေါင်း ၅၂၆၂ မှုမှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမျိုးအစား ၂၆ မျိုးကို မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက် ၃ ဆ ပိုများတယ်လို့ သိရပါတယ်။
Photo - Ko Ye / MPA