Home
မြန်မာသတင်း
မြန်မာသင်္ဘောသား ၈၃ ဦးကို ပြင်သစ်နိုင်ငံမှ ပြန်ခေါ်
DVB
·
June 8, 2020
102909676_2590778574543596_7681016802654728783_n
102728884_2590778604543593_411811213852756885_o
ကိုဗစ်ကပ်ဘေးကာလမှာ နေရပ်ပြန်ဖို့ အခက်အခဲကြုံတွေ့နေတဲ့  မြန်မာ သင်္ဘောသား  ၈၃ ဦးတို့ကို ပြင်သစ်နိုင်ငံကနေ ဇွန်လ ၇ ရက်က အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်၊ အီတလီနဲ့ နယ်သာလန်နိုင်ငံတို့မှာ ရောက်ရှိနေတဲ့ ရှန်ဟိုင်းအခြေစိုက် Norwegian Cruise Line Holding Ltd. ကုမ္ပဏီရဲ့  ကမ္ဘာလှည့် သင်္ဘောတွေပေါ်မှ မြန်မာ သင်္ဘောသား စုစုပေါင်း ၈၃ ဦးတို့ကို  ပါရီမြို့အခြေစိုက် Amelia Airlines က  အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဇွန်လ ၇ ရက်  နာရီခွဲမှာ  ရန်ကုန်လေဆိပ်ကို ပြန်ရောက်လာကြပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး သတ်မှတ်နေရာမှာ (၂၁) ရက်တာ အသွားအလာကန့်သတ်စောင့်ကြပ်ထားရှိမှာ ဖြစ်ပါတယ်။   နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ အစိုးရက ပြန်လည်ခေါ်ဆောင်ပေးနေရာမှာ ဇွန် ၇ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၃၁၉၂ ဦးရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။   ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024