ကျောက်ပန်းဒူပင်လယ်ကမ်းခြေတွင် ပျော်ပွဲစားအပြန် သုံးဘီးမှောက်ပြီး လူငယ် ၁ ဦးသေဆုံး
DVB
·
May 27, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူပင်လယ်ကမ်းခြေမှာ မနေ့မွန်းလွဲပိုင်းက ပျော်ပွဲစားသွားရောက်ပြီး ပြန်လာတဲ့ သုံးဘီး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တဦးသေဆုံးသွားပါတယ်။
အလယ်သံကျော်နယ်မြေစခန်းမှ တာဝန်ရှိသူတဦးက "လူငယ်လေးတွေပါ။ သူတို့ အစ်ပွဲမှာ ကျောက်ပန်းဒူကမ်းခြေကို ပျော်ပွဲစားသွားကြပြီးအပြန် မောရဝတီကျေးရွာ အလွန်ကောက်ကွေ့မှာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားတာ။ လူငယ်တဦး သေဆုံးသွားတယ်။ သုံးဘီးဒရိုင်ဘာကို ဖမ်းဆီးအရေးယူထားတယ်။ ကျန်လူငယ်တွေကို စစ်ဆေးမေးမြန်းပြီး မနေ့ကတည်းက ပြန်လွှတ်လိုက်ပါပြီ။ ဒီနေ့တရားရုံးမှာ အမှုဖွင့်လှစ်သွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
သေဆုံးသူမှာ မောင်တောမြို့ လသာရပ်ကွက် ဂူနားကျေးရွာမှာနေတဲ့ မာမောက်ရှား ၁၃ နှစ် (ဘ)မာမောက် အီလီယာစ် ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သုံးဘီး မောင်းနှင်းတဲ့ မောနုရူကာမာ အသက် ၂၁ နှစ်ကို အလယ်သံနယ်မြေစခန်းမှာ ပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း- လင်းလက်