Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် ရွှေကျင်းဟောင်း မြေစာပြိုကျပြီး အမျိုးသား ၁ ဦး သေဆုံး
DVB
·
May 21, 2020
97550681_661170918060926_2907974931369164800_n
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ  မေ ၂၀ ရက်နေ့ မနက်ပိုင်းက ရွှေတူးဖော်ခဲ့တဲ့ကျင်းဟောင်းအတွင်း မြေစာပြိုကျ ပိမိပြီး အမျိုးသားတစ်ဦး  သေဆုံးခဲ့တယ်လို့ ဆယ်ဇင်းနယ်မြေရဲစခန်းက သိရပါတယ်။ ဖားကန့်မြို့နယ် ချမ်းသာအေးအရပ်ရှိ အရင်ကရွှေတူးဖော်ခဲ့တဲ့ အမြင့်ပေ ၃၅ ပေရှိ ကျင်းဟောင်းတခုမှာ လူတစ်ဦးမြေစာပိပြီး သေဆုံးနေကြောင်း သတင်းအရ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းခိုင်ဖြိုးနဲ့ အဖွဲ့က သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ သေဆုံးသူဟာ ချမ်းသာအေးရပ်ရှိ အောင်းဆန်းလင်း (၃၁ နှစ်) ဖြစ်ပြီး မြေစာပြိုကျလို့ မြေစာပိသေဆုံးနေကာ ကျောညိုမဲဒဏ်ရာနဲ့ ယာဘက်ဒူးပွန်းပြီး သေဆုံးနေကြောင်း တွေ့ရတာပါ။ သေဆုံးသူဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ် သိရှိနိုင်ဖို့ သေမှု သေခင်း အမှတ်စဉ် ၃/၂၀၂၀ အရ အလောင်းကို တာမခံတိုက်နယ် ဆေးရုံကိုပို့ဆောင်ထားပါတယ်။ သတင်း- ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024