COVID- 19 ပိုးတွေ့ စစ်သည် ၁ ဦးနှင့်ဆက်စပ်သူ ၄၀၀ ကျော်တွင် ရောဂါပိုးမတွေ့
နေဖြိုးဝင်း
·
May 6, 2020
နေပြည်တော်တိုင်းစစ်ဌာနချုပ်က စစ်သည်တစ်ဦးမှာ COVID- 19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သူနဲ့ ဆက်စပ်ထိတွေ့သူ ၄၀၀ ကျော်ကို နှစ်ရက်ဆက်တိုက် စစ်ဆေးတာမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်သည်ဟာ ဧပြီ ၃၀ ရက်နေ့ကတည်းက ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ခံစားနေရပြီး မေလ ၄ ရက်က ဓာတ်ခွဲစမ်းသမ်းစစ်ဆေးရာမှာ COVID- 19 ရောဂါပိုးတွေ့ရှိခဲ့တာပါ။
မေလ ၅ ရက်နေ့မှာ အဆိုပါ စစ်သည်နဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေထဲက ၃၆၃ ဦးကို နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်နဲ့ စစ်ဆေးခဲ့တာမှာ ပိုးတွေ့ရှိမှု မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့မေလ ၆ ရက်နေ့မှာလည်း အဆိုပါ စစ်သည်နဲ့ လုပ်ငန်းဆက်စပ်ဆောင်ရွက်ခဲ့သူ ၅၆ ဦးကို ထပ်မံစစ်ဆေးတာမှာလည်း ပိုးမတွေ့ရှိကြောင်း တပ်မတော်က သတင်းထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
COVID- 19 ရောဂါပိုးတွေ့ရှိတဲ့ စစ်သည်ဟာ နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- တပ်မတော်