Home
မြန်မာသတင်း
အာရှရေငှက်စာရင်း စုပေါင်းကောက်ယူခြင်း မြန်မာတွင် ပြုလုပ်
DVB
·
January 21, 2020
Asian Waterbird Census-Myanmar 2020 3
Asian Waterbird Census-Myanmar 2020 2
Asian Waterbird Census-Myanmar 2020 2
Asian Waterbird Census-Myanmar 2020 1
အာရှရေငှက်စာရင်း စုပေါင်းကောက်ယူတာကို ရမ်ဆာ (နိုင်ငံတကာအရေးပါတဲ့ ရေဝပ်ဒေသ) ထိန်းသိမ်းရေးနယ်မြေတွေ ဖြစ်ကြတဲ့ အင်းတော်ကြီးအင်း၊ အင်းလေးကန်၊ မိုးယွန်းကြီးအင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း ပုလိပ်အင်းနဲ့ ပြူကန်တွေမှာ ငှက်ပညာရှင်/ငှက်ကြည့်ဝါသနာရှင် ၁၃၅ ဦးက စုပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ Asian Waterbird Census-Myanmar က သတင်းထုတ်ပြန်ပါတယ်။ စာရင်းကောက်ယူမှုတွေအရ အင်းတော်ကြီးအင်းမှာ ရေငှက်နဲ့ ရေဝပ်ဒေသ မှီခိုတဲ့ ငှက်မျိုးစိတ် ၅၃ မျိုး၊ အကောင်ရေ ၂၅၀၀၀ ကျော်အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၉၃ မျိုး၊ အင်းလေးကန်မှာ ရေငှက်မျိုးစိတ်စုစုပေါင်း ၃၆ မျိုး၊ ရေငှက်ကောင်ရေ အရေအတွက် ၁၃၂၇၁ ကောင်နဲ့ ရေဝပ်ဒေသကို မှီခိုကျက်စားတဲ့ ကုန်းငှက်မျိုးစိတ်စုစုပေါင်း ၅၅ မျိုး၊ ကောင်ရေအရေအတွက် ၂၀၁၅ ကောင် ဖြစ်ပါတယ်။ ဒါ့အပြင် မိုးယွန်းကြီးအင်းမှာ ရေငှက်နဲ့ ရေဝပ်ဒေသမှီခိုတဲ့ ငှက်မျိုးစိတ် ၃၅ မျိုး၊ အကောင်ရေ ၁၅၀၀၀ ကျော်အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၈၄ မျိုး၊ ပုလိပ်အင်းမှာ ရှားပါးမျိုးစိတ် ပို့ချပ်ခေါင်းစိမ်း အပါအဝင် ရေငှက်မျိုးစိတ် ၃၂ မျိုး ငှက်ကောင်ရေ ၁၅၀၀ ကျော်နဲ့ ပြူကန်မှာ ရေငှက်မျိုးစိတ် ၂၉ မျိုး၊ ငှက်ကောင်ရေ  ၁၁၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Photo : Asian Waterbird Census-Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024