ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲ မြန်မာကျောင်းသား ၆ ဦး သွားရောက်ယှဉ်ပြိုင်မည်

ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံက ကျောင်းသား ၆ ယောက် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ First Global Robotics Olympic 2019 ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ကျောင်းသား ၆ ယောက်ဟာ ဇွန် ၁ ရက်နေ့က သိမ်ဖြူလက်ဝှေ့ကွင်းမှာ ပြုလုပ်တဲ့ နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲဟာ ကမ္ဘာ့သမုဒ္ဒရာသယံဇာတ ညစ်ညမ်းမှုအား သန့်ရှင်းရေး လုပ်ဆောင်မှု သရုပ်ပြရမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပြုလုပ်တဲ့ First Global Challenge စွန့်ဦးတီထွင်လုပ်ငန်းပြိုင်ပွဲမှာ နံပါတ် ၆ နေရာရရှိခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up