ကလေး၀မြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
October 14, 2019
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ဒီနေ့မွန်းလွဲပိုင်းက အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၀ မိနစ်၊ ၁၀ စက္ကန့်အချိန်မှာ ကလေးဝမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၃ ဒီဂရီ၊ အနက် ၇၆ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။