Home
မြန်မာသတင်း
ပါတီခေါင်းဆောင်များ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံ
အေးနိုင်
·
January 3, 2013
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်နဲ့ နိုင်ငံရေးပါတီအကုန်လုံးက ခေါင်းဆောင်တွေ ဟာ နေပြည်တော်မှာတွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိစ္စတွေ တင်ပြဆွေးနွေးကြတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။ “ပါတီပိုင်းဆိုင်ရာကိစ္စတွေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေးရာကိစ္စတွေ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အဲ ခေါင်းစဉ် ၃ ခုအပေါ်မှာ တပါတီချင်း ဆွေးနွေးခိုင်းတာ။ သူ့အဖွင့်မိန့်ခွန်းမှာတော့ ကော်မရှင်အနေနဲ့ ကြားရပ်ပေးမယ်။ နိုင်ငံရေးပါတီတွေနဲ့လည်း အစိုးရအဖွဲ့နဲ့ရော လွှတ်တော်နဲ့ရော အဆက်အစပ်ရှိအောင် ရပ်ပေးမယ်တဲ့။ နောက် သမ္မတ ကိုယ်တိုင်ကလည်းပဲ သဘောတူလို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲတွေလုပ်ပေးဖို့ ရည်ရွယ်ချက်တွေရှိတယ်တဲ့။ အတူလက်တွဲပြီး စေတနာကောင်းကောင်း နဲ့ ဆောင်ရွက်သွားကြရင် ဖြစ်မြောက်သွားမှာပေါ့။ ကျနော်တို့က ငြိမ်းချမ်းရေးပြောတယ်။ ပါတီစည်းရုံးရေး အခက်အခဲတွေ ပြောတယ်။ တချို့ကလည်း ပါတီပိုင်းဆိုင်ရာပြောတယ်။ ယေဘုယျပြောကြ ပါတယ်။ ငြိမ်းချမ်းရေး အများဆုံးပြောပါတယ်။” ပါတီခေါင်းဆောင် ၅၄ ယောက် တင်ပြပြောဆိုချက်တွေကို ကော်မရှင်က အကြောင်းပြန် ပြောကြားတဲ့ အစီအစဉ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပါတီခေါင်းဆောင်တွေဟာ ဒီကနေ့ ညစာစားပွဲရှိသလို မနက်ဖြန်ကျရောက်မယ့် လွတ်လပ်ရေးနေ့မှာလည်း နိုင်ငံတော်သမ္မတက ညစာစားပွဲနဲ့ ဧည့်ခံဖို့ ဖိတ်ကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024