Home
မြန်မာသတင်း
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း နေပြည်တော်တွင် မြန်မာသမ္မတနှင့်တွေ့ဆုံ 
DVB
·
September 3, 2019
အာဆီယံနိုင်ငံ ၃ နိုင်ငံကို ချစ်ကြည်ရေး ခရီးလှည့်နေတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ ဒီကနေ့ စက်တင်ဘာ ၃ ရက်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး ရောက်ရှိလာပါတယ်။ နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာတဲ့  တောင်ကိုရီးယားသမ္မတနဲ့ ဇနီးတို့ကို မြန်မာသမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်မှာ ဂုဏ်ပြုကြိုဆိုဧည့်ခံခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီနောက် မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ အကြား နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။  တောင်ကိုရီးယား သမ္မတဟာ မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းကား အစီး ၆၀ ကိုပေးအပ်လှူဒါန်းခဲ့ပြီး ဒီနောက် နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ သမ္မတအိမ်တော်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကိုလည်း ကျင်းပခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတဟာ မနက်ဖြန်မှာ ရန်ကုန်မှာ ကိုရီယား စက်မှုဇုန်ဖွင့်ပွဲ အခမ်းအနားနဲ့ မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တက်ရောက်ဖို့ရှိသလို ရွှေတိဂုံဘုရားနဲ့ အာဇာနည်ဗိမာန်တွေကိုလည်း သွားရောက် ဖို့ရှိနေပါတယ်။ သမ္မတမွန်းဟာ  ဒီကနေ့မနက် ထိုင်းနိုင်ငံကနေ တဆင့်  မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့မနက်မှာ  မြန်မာခရီးစဉ်ကို အဆုံးသတ်ကာ ရန်ကုန်ကနေ လာအိုနိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။  တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်မှာ တောင်ကိုရီးယားနိုင်ငံက ထင်ရှားတဲ့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း လိုက်ပါလာကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-Yonhap
ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္း ေနျပည္ေတာ္တြင္ ျမန္မာသမၼတႏွင့္ေတြ႕ဆုံ DVB အာဆီယံႏိုင္ငံ ၃ ႏိုင္ငံကို ခ်စ္ၾကည္ေရး ခရီးလွည့္ေနတဲ့ ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းဟာ ဒီကေန႔ စက္တင္ဘာ ၃ ရက္က ျမန္မာႏိုင္ငံကို ပထမဆုံးအႀကိမ္ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိလာပါတယ္။ ေနျပည္ေတာ္ကို အထူးေလယာဥ္နဲ႔ ေရာက္ရွိလာတဲ့  ေတာင္ကိုရီးယားသမၼတနဲ႔ ဇနီးတို႔ကို ျမန္မာသမၼတ ဦးဝင္းျမင့္က သမၼတအိမ္ေတာ္မွာ ဂုဏ္ျပဳႀကိဳဆိုဧည့္ခံခဲ့ပါတယ္။ ေတာင္ကိုရီးယား သမၼတဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လည္း သီးသန႔္ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ပါတယ္။ ဒီေနာက္ ျမန္မာနဲ႔ ေတာင္ကိုရီးယား ႏွစ္ႏိုင္ငံ အၾကား နားလည္မႈစာခြၽန္လႊာေတြ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ေတာင္ကိုရီးယား သမၼတဟာ ျမန္မာႏိုင္ငံက ေက်ာင္းသူေက်ာင္းသားေတြအတြက္ ေက်ာင္းကား အစီး ၆၀ ကိုေပးအပ္လႉဒါန္းခဲ့ၿပီး ဒီေနာက္ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္ေတြဟာ သမၼတအိမ္ေတာ္မွာ ပူးတြဲ သတင္းစာရွင္းလင္းပြဲ ကိုလည္း က်င္းပခဲ့ပါတယ္။ ေတာင္ကိုရီးယား သမၼတဟာ မနက္ျဖန္မွာ ရန္ကုန္မွာ ကိုရီယား စက္မႈဇုန္ဖြင့္ပြဲ အခမ္းအနားနဲ႔ ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဖိုရမ္ကို တက္ေရာက္ဖို႔ရွိသလို ေ႐ႊတိဂုံဘုရားနဲ႔ အာဇာနည္ဗိမာန္ေတြကိုလည္း သြားေရာက္ ဖို႔ရွိေနပါတယ္။ သမၼတမြန္းဟာ  ဒီကေန႔မနက္ ထိုင္းႏိုင္ငံကေန တဆင့္  ျမန္မာႏိုင္ငံကို ေရာက္ရွိလာတာ ျဖစ္ၿပီး စက္တင္ဘာ ၅ ရက္ေန႔မနက္မွာ  ျမန္မာခရီးစဥ္ကို အဆုံးသတ္ကာ ရန္ကုန္ကေန လာအိုႏိုင္ငံကို ဆက္လက္သြားေရာက္မွာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယား သမၼတရဲ႕ ခရီးစဥ္မွာ ေတာင္ကိုရီးယားႏိုင္ငံက ထင္ရွားတဲ့ ဘဏ္လုပ္ငန္းရွင္ေတြနဲ႔ စီးပြားေရး လုပ္ငန္းရွင္ေတြလည္း လိုက္ပါလာၾကတာ ျဖစ္ပါတယ္။ ဓာတ္ပုံ-Yonhap
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024