ဒီမိုကရေစီ အနှစ်သာရသိရှိစေရန် စာစီစာကုံး၊ ကဗျာ ပန်းချီပြိုင်ပွဲ ဘားအံတွင် ကျင်းပ
DVB
·
August 24, 2019

ဒီမိုကရေစီရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝနားလည်ပြီး ဒီမိုကရေစီရဲ့ စံနှုန်းတွေကို သိရှိနားလည်စေဖို့ ရည်ရွယ်ပြီး ၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ဘားအံမြို့၊ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ပထမဆုံးအကြိမ် သြဂုတ် ၂၄ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြိုင်ပွဲကို နိုင်ငံသားအားလုံးရဲ့ လူမှုဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ တန်းတူညီမျှ ပြောဆိုရပိုင်ခွင့်တွေကို သိရှိစေဖို့၊ ကျောင်းသူကျောင်းသားတွေ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ နားလည်ပြီး ဒီမိုကရေစီရဲ့ စံနှုန်းတွေကို သိရှိနားလည်စေဖို့ ရည်ရွယ်ကျင်းပတာပါ။
တက္ကသိုလ်အဆင့်ပြိုင်ပွဲမှာ တွဲလက်ညီညီ ဖက်ဒရယ်ပြည်ထောင်စုဆီ၊ အထက်တန်းအဆင့်မှာ ပြည်သူ့ဘဝငြိမ်းချမ်းဖို့ ဒီမိုကရေစီဖော်ဆောင်စို့၊ အလယ်တန်းအဆင့်မှာ ဒီမိုကရေစီ အားကောင်းရေး တို့လူငယ်များဝန်းရံပေး ခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။
ဘားအံမြို့နယ်ပညာရေးမှူးရုံး၊ လက်ထောက်ပညာရေးမှူး၊ ဒေါ်ပြုံးပြုံးခိုင်က “ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ လိုက်နာပြီးတော့ ကျင့်သုံးတတ်ဖို့ ဒီမိုကရေစီရဲ့စံနှုန်းတွေကို ကိုယ်တိုင် သိရှိနားလည်ပြီးတော့ ကျမတို့နိုင်ငံကို ရှေ့လျှောက်ပြီး အောင်အောင်မြင်မြင် ဖော်ဆောင်သွားနိုင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းပါဝင်ကူညီပေးကြပါ။ ပူးပေါင်းပေးကြပါ”လို့ ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၊ မချောသန္တာမိုးမြင့်က “မြန်မာဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့က ပြည်သူတွေအားလုံးက ဝိုင်းဝန်းဆောင်ရွက်မှသာလျှင် မြန်မာနိုင်ငံတော်ကြီး စည်ပင်သာယာဝဖြိုးပြီး တိုးတက်ဖွံ့ဖြိုးလာမယ်” လို့ ပြောပါတယ်။
ပြိုင်ပွဲကို အခြေခံပညာကျောင်းပေါင်းစုံက ကျောင်းသားကျောင်းသူ ၄၃ ဦးက စာစီစာကုံး၊ ကဗျာနဲ့ ပန်းချီတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြည်နယ်အဆင့်ပြိုင်ပွဲမှာ ဆုရ ကျောင်းသားကျောင်းသူတွေကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဆုချီးမြှင့်ပေးသွားမှာပါ။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်၊ ဒီမိုကရေစီကျင့်သုံးနေတဲ့ နိုင်ငံတွေက ၂၀၀၈ ခုနှစ်မှစတင်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွေကို ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ်က စတင်ပြီး ကျင်းပလာခဲ့တာပါ။
ရဲမင်းခေါင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဒီမိုကေရစီ အႏွစ္သာရသိရွိေစရန္ စာစီစာကုံး၊ ကဗ်ာ ပန္းခ်ီၿပိဳင္ပြဲ ဘားအံတြင္ က်င္းပ
ဒီမိုကေရစီရဲ႕အႏွစ္သာရကို ျပည့္ျပည့္ဝဝနားလည္ၿပီး ဒီမိုကေရစီရဲ႕ စံႏႈန္းေတြကို သိရွိနားလည္ေစဖို႔ ရည္႐ြယ္ၿပီး ၉ ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔အထိမ္းအမွတ္ စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီၿပိဳင္ပြဲကို ဘားအံၿမိဳ႕၊ အမွတ္ ၁ အေျခခံပညာ အထက္တန္းေက်ာင္းမွာ ပထမဆုံးအႀကိမ္ ၾသဂုတ္ ၂၄ ရက္ မနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ပါတယ္။
ၿပိဳင္ပြဲကို ႏိုင္ငံသားအားလုံးရဲ႕ လူမႈဘဝနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေတြမွာ တန္းတူညီမွ် ေျပာဆိုရပိုင္ခြင့္ေတြကို သိရွိေစဖို႔၊ ေက်ာင္းသူေက်ာင္းသားေတြ ဒီမိုကေရစီရဲ႕ အႏွစ္သာရကို ျပည့္ျပည့္ဝဝ နားလည္ၿပီး ဒီမိုကေရစီရဲ႕ စံႏႈန္းေတြကို သိရွိနားလည္ေစဖို႔ ရည္႐ြယ္က်င္းပတာပါ။
တကၠသိုလ္အဆင့္ၿပိဳင္ပြဲမွာ တြဲလက္ညီညီ ဖက္ဒရယ္ျပည္ေထာင္စုဆီ၊ အထက္တန္းအဆင့္မွာ ျပည္သူ႔ဘဝၿငိမ္းခ်မ္းဖို႔ ဒီမိုကေရစီေဖာ္ေဆာင္စို႔၊ အလယ္တန္းအဆင့္မွာ ဒီမိုကေရစီ အားေကာင္းေရး တို႔လူငယ္မ်ားဝန္းရံေပး ေခါင္းစဥ္ေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။
ဘားအံၿမိဳ႕နယ္ပညာေရးမႉး႐ုံး၊ လက္ေထာက္ပညာေရးမႉး၊ ေဒၚၿပဳံးၿပဳံးခိုင္က “ဒီမိုကေရစီနဲ႔ ပတ္သက္ၿပီးေတာ့ ဒီမိုကေရစီရဲ႕ အႏွစ္သာရကို ျပည့္ျပည့္ဝဝ လိုက္နာၿပီးေတာ့ က်င့္သုံးတတ္ဖို႔ ဒီမိုကေရစီရဲ႕စံႏႈန္းေတြကို ကိုယ္တိုင္ သိရွိနားလည္ၿပီးေတာ့ က်မတို႔ႏိုင္ငံကို ေရွ႕ေလွ်ာက္ၿပီး ေအာင္ေအာင္ျမင္ျမင္ ေဖာ္ေဆာင္သြားႏိုင္ဖို႔အတြက္ အားလုံးက ဝိုင္းဝန္းပါဝင္ကူညီေပးၾကပါ။ ပူးေပါင္းေပးၾကပါ”လို႔ ေျပာပါတယ္။
ဘားအံၿမိဳ႕၊ အမွတ္ ၄ အေျခခံပညာအထက္တန္းေက်ာင္း၊ မေခ်ာသႏၲာမိုးျမင့္က “ျမန္မာဒီမိုကေရစီစနစ္ေဖာ္ေဆာင္ဖို႔က ျပည္သူေတြအားလုံးက ဝိုင္းဝန္းေဆာင္႐ြက္မွသာလွ်င္ ျမန္မာႏိုင္ငံေတာ္ႀကီး စည္ပင္သာယာဝၿဖိဳးၿပီး တိုးတက္ဖြံ႕ၿဖိဳးလာမယ္” လို႔ ေျပာပါတယ္။
ၿပိဳင္ပြဲကို အေျခခံပညာေက်ာင္းေပါင္းစုံက ေက်ာင္းသားေက်ာင္းသူ ၄၃ ဦးက စာစီစာကုံး၊ ကဗ်ာနဲ႔ ပန္းခ်ီေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး၊ ျပည္နယ္အဆင့္ၿပိဳင္ပြဲမွာ ဆုရ ေက်ာင္းသားေက်ာင္းသူေတြကို အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားမွာ ဆုခ်ီးျမႇင့္ေပးသြားမွာပါ။
ကမာၻ႔ကုလသမဂၢအဖြဲ႕ဝင္၊ ဒီမိုကေရစီက်င့္သုံးေနတဲ့ ႏိုင္ငံေတြက ၂၀၀၈ ခုႏွစ္မွစတင္ၿပီး စက္တင္ဘာလ ၁၅ ရက္ေန႔ေရာက္တိုင္း အျပည္ျပည္ဆိုင္ရာဒီမိုကေရစီေန႔ အခမ္းအနားေတြကို က်င္းပခဲ့ၾကသလို ျမန္မာႏိုင္ငံက ၂၀၁၁ ခုႏွစ္က စတင္ၿပီး က်င္းပလာခဲ့တာပါ။
ရဲမင္းေခါင္