ပုဒ်မ ၅၉ (စ)ကို ကာကွယ်စောင့်ရှောက်ရေးဟောပြောပွဲ လွိုင်ကော်တွင်ပြုလုပ် (ဓာတ်ပုံ)
နော်နိုရင်း
·
July 20, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)ကို ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲကို လွိုင်ကော်မြို့ရှိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုနင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီလူထုဟောပြောပွဲကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်တွေက ပါတီဝင်တွေအပါအ၀င် လူပေါင်း ထောင်ချီတက်ရောက်ခဲ့ပါတယ်။
ဒီလူထုဟောပြောပဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဥပဒေပြင်ဆင်ရေးပုဒ်မများ နှင့်အညီ ပြင်ဆင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်အားတိုင်းရင်းသားများမှ စိတ်ကြိုက် ရွေးချယ်တင်မြှောက်ခွင့်ရရှရေး၊ လူမျိုးခြား သမ္မတဖြစ်ဖို့ အကြံ ဒို့မလက်မခံ စတာတွေအပါအ၀င် ကြွေးကြော်သံ ၅ ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။