Home
မြန်မာသတင်း
ကျားထိန်းသိမ်းရေးလူထုလှုပ်ရှားမှု မြိတ်တွင် ပြုလုပ်
DVB
·
June 29, 2019
တနင်္သာရီတိုင်း မြိတ်မြို့မှာ ကျားထိန်းသိမ်းရေးလူထုလှုပ်ရှားမှု မီနီမာရသွန်ပြေးပွဲကို ဇွန်လ ၂၉ ရက်နေ့ကကျင်းပခဲ့ပါတယ်။ မြိတ်မြို့၊ ဘုရားငါးဆူရပ်ရှိ မြို့မအားကစားကွင်းကြီးရှေ့မှာ Run For Tiger လူထုလုပ်ရှားမှု မီနီမာရသွန်ပြေးပွဲကို လူကြီး/လူငယ် ၃၅၀ လောက်က ပါဝင်ဆင်နွဲခဲ့ကြတာပါ။ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များထိန်းသိမ်းရေးအဖွဲ့ (FFI) က မြိတ်ခရိုင်အတွင်းနဲ့ မြန်မာပြည်တောင်ပိုင်းမှာ ကျားထိန်းသိမ်းရေးလုပ်ဆောင်နေတာ ၃ နှစ် နဲ့ ၆ လရှိပြီဖြစ်တာကြောင့် အထိမ်းအမှတ်အနေနဲ့ လူထုလှုပ်ရှားမှု မီနီမာရသွန်ပွဲ ကျင်းပတာလို့ အဖွဲ့က ပြောပါတယ်။ FFI မန်နေဂျာ ဦးဖိလစ်မြတ်သိန်းက “ကျေးလက်နဲ့ မြို့ပေါ်ပြည်သူတွေအားလုံးသဘာဝ ပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန်တွေ ထိန်းသိမ်းမှု ရှိတတ်လာအောင် လူသိများတဲ့ အားကစားနည်းဖြစ်တဲ့ အပြေးပြိုင်ပွဲလေးကျင်းပပြီး လူထုလှုပ်ရှားမှုအသွင်ပြုလုပ်တာပါ” လို့  ပြောပါတယ်။ လူထုလှုပ်ရှားမှု အပြေးပြိုင်ပွဲအပြင် လူငယ်များအား တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်အကြောင်းအရာတွေ၊ ဇီဝမျိုးကွဲများအကြောင်းကို ဉာဏ်စမ်းမေးခွန်းတွေ မေးမြန်းခဲ့ပြီး လက်ဆောင်ပစ္စည်းတွေ ပေးအပ်တာ၊ ပြိုင်ပွဲဆုရရှိသူတွေကို ဆုချီမြှင့်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024