Home
မြန်မာသတင်း
ဖားကန့်တွင် မြေပြိုကျသဖြင့် ၂ ဦးပျောက်ဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 22, 2019
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန် ၂၁ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာရှိ ဂျိတ်လင်း ကုမ္ပဏီနဲ့ ရွှေနဂါး ကိုးကောင်ကုမ္ပဏီ လုပ်ကွက်ဟောင်းကြားရှိ မြေသားကမ်းပါးယံမှာ ဦးမခေါ်တန်ဂွန်း (၄၂) နှစ်အပါအ၀င် ကျား ၄ ဦးတို့ ရေမဆေး ကျောက်ရှာဖွေနေစဉ် အမြင့် ၅၀ ပေခန့်ရှိ ကမ်းပါးမှ မြေသားတွေ ပြိုကျခဲ့တာပါ။ ဦးမခေါ်အောင်လတ်အပါအ၀င် ၂ ဦးတို့ မြေစာတွေနဲ့အတူ မျောပါပျောက်ဆုံးသွားပြီး ဦးမခေါ်တန်ဂွန်းနဲ့ အခြားတဦးကတော့ ဦးခေါင်း၊ နဖူး၊ ယာခြေသလုံး၊ ပွန်းခြစ် ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့လို့ ဖားကန့်မြို့မရဲစခန်းမှူး ဒုရဲမှူး မင်းဇော် ဦးစီးအဖွဲ့က ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသခဲ့ထားပါတယ်။ မြေစာပြိုကျမှုကြောင့် ပျောက်ဆုံးသူ ၂ ဦးကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ သရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024