Homeမြန်မာသတင်း
မြန်မာ ၆ ဦးကို ထိုင်းနိုင်ငံတွင်း လူမှောင်ခိုတင်သွင်းသည့် မြန်မာအမျိုးသားအား ထိုင်းရဲဖမ်းဆီး
မြန်မာ ၆ ဦးကို ထိုင်းနိုင်ငံတွင်း လူမှောင်ခိုတင်သွင်းသည့် မြန်မာအမျိုးသားအား ထိုင်းရဲဖမ်းဆီး
DVB
·
June 7, 2019
နိုင်ငံတွင်းဝင်ရောက်ခွင့် တရားဝင် စာရွက်စာတမ်း တခုမှ မပါဝင်တဲ့ မြန်မာ ၆ ဦးကို ထိုင်းနိုင်ငံတွင်း မှောင်ခိုခေါ်သွင်းခဲ့တဲ့ မြန်မာအမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အဲဒီအမျိုးသားကို အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ ဦးနဲ့အတူ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက ဆူရတ်ထာနီခရိုင်၊ ကော့စမွီဒေသတွင်းမှာ ဖမ်းမိခဲ့တာပါ။
ဖမ်းဆီးခံရသူ အသက် ၂၁ နှစ်အရွယ် ခင်စောဟာ ထိုင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသူတဦးဖြစ်ပြီး ဒေသတွင်း မယ်နမ်ကျေးရွာထဲက တံတားထိပ်မှာ အထောက်အထားမဲ့ မြန်မာ ၆ ဦးနဲ့အတူ ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။
လတ်တလောမှာတော့ သူတို့အားလုံးကို စမွီရဲစခန်းဆီ လွှဲပြောင်းပေးခဲ့ပြီး ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ဝင်ရောက်ဖို့ ခေါ်ဆောင်ကူညီမှုနဲ့ မြန်မာနိုင်ငံဘက်ကို မပို့ဆောင်ခင် အရေးယူခံရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။