ရတနာပုံ နှစ် ၁၆၀ ပြည့်ပွဲတော်ကျင်းပ

မန္တလေး ရတနာပုံမြို့တည် နန်းတည်နှစ် ၁၆၀ ပြည့်ပွဲတော်ကို မေ ၂၄ရက် နံနက်က မန္တလေးနန်းတွင်းရှိ  မြနန်းစံကျော်ရွှေနန်းတော် အရှေ့ မုခ်ဆောင်မှာ ကျင်းပပါတယ်။ မြန်မာပြည် သာယာစည်ပင်တိုးတက် တည်ငြိမ်အေးချမ်းစေဖို့၊ အာဆီယံ တွင်ရာဇ၀င်သမိုင်းအရ အရှည်လျားဆုံးဘွဲ့ကို ဆက်လက်မှတ်ကျောက်တင်ဖို့၊ သဘောဝခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့၊အမျိုးဂုဏ်၊ ဇာတိဂုဏ်ပြန်လည်ဖော်ဆောင်နိုင်ဖို့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ကျင်းပတာလို့ မြန်မာတော်ဝင် အနွယ်တော်များ အစည်းအရုံး အတွင်းရေးမှူး မက္ခရာ သီဟက ပြောပါတယ်။ ရတနာပုံနှစ် ၁၆၀ ပြည့်ပွဲတော်ကို Myanmar Royal Descendants Association(MRDA) မြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံးက ကြီးမှူးကျင်းပတာဖြစ်ပြီး မေ ၂၄ရက် မှ ၂၆ရက်ထိ သုံးရက်ကြာ ကျင်းပမှာပါ။ ဒီကနေ့မနက်မှာတော့ နန်းတွင်း မြနန်းစံကျော်ရွှေနန်းတော်မှာ သံဃာ ၁၀၈ ပါးကို ဆွမ်းကပ်လှူဒါန်းပါတယ်။ မနက်ဖန်မှာတော့ မန္တလေးတောင်ခြေ သုဓမ္မာဇရပ်တန်းမှာ သံဃာတော် ၁၆၀ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူမှာ ဖြစ်ပြီး  မေ ၂၆ရက်မှာ အမျိုးသားကဇာတ်ရုံမှာ စာပေဟောပြောပွဲ ကျင်းပမှာဖြစ်ပါတယ်။ သတင်း- သော်တာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up