မုံရွာမြို့ ကားလမ်းဘေးရေမြောင်းတွင် ပုပ်ပွနေသည့်အလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေး၊ အနောက်ဘက် ရေမြောင်းမှာ ပုပ်ပွသေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား အလောင်းတလောင်းကို မေလ ၃ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ပါတယ်။ သေဆုံးအလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရဘဲ ဘာကြောင့် သေတယ်ဆိုတာ သိရှိနိုင်ဖို့ မုံရွာဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ မုံရွာမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်တဦးက ပြောပါတယ်။ "ဆရာဝန်ကြီးပြောပြချက်အရတော့ ပြင်ပဒဏ်ရာမရှိဘူး။ တခြားရောဂါတခုခုကြောင့် သေတယ်လို့ ယူဆတယ်။ ရင်ခွဲစစ်ဆေးပြီးရင်တော့ သိရပါမယ်။" လက်ရှိမှာတော့ သေဆုံးသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးတဲ့အတွက် စုံစမ်းနေဆဲဖြစ်ပြီး မုံရွာမြို့မရဲစခန်းကနေ သေမှုသေခင်းအမှတ် ၂၀/၂၀၁၉ နဲ့ ဖွင့်လှစ်ထားရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up