ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲ ကနီတွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မြို့နယ်လုံးဆိုင်ရာ လူထုဟောပြောပွဲ၊ မြို့တွင်းလှည့်လည်ချီတက်လမ်းလျှောက်လှုပ်ရှားမှုကို ဧပြီ ၂၇ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ကနီမြို့နယ်အတွင်းက စိတ်ပါဝင်စားတဲ့ ပြည်သူတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး စာရေးဆရာ ထင်လင်းဦး၊ စာရေးဆရာ မာန် (တောင်လုံးပြန်)တို့က လာရောက်ဟောပြောခဲ့တာဖြစ်ပါတယ်။ ကနီမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုချီတက်လမ်းလျှောက်ပွဲ၊ ဟောပြောပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဥပဒေပုဒ်မ ပြင်ဆင်ရေး၊ ၂၁ ရာစုပင်လုံ ညီလာခံ အောင်ရမည် စတဲ့ ဗွီနိုင်း ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ကာ ချီတက်ရာလမ်းတလျှောက် ကြွေးကြော်ခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းက NLD ပါတီဝင်တဦးကနေ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူပေါင်းကော်မတီဖွဲ့စည်းဖို့ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး နောက်ပိုင်း နိုင်ငံအနှံ့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ မြို့နယ် ၃၀ ကျော်ရှိရာ ၂၀ ကျော်မှာ  ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up