အကျဉ်းသား ၁၇၀ ကျော် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

ဒီကနေ့စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ နိုင်ငံတ၀န်း အကျဉ်းထောင်တွေကနေ အကျဉ်းသားအကျဉ်းသူ ၁၆၄ ယောက်၊ အချုပ်သား ၇ ယောက်   စုစုပေါင်း ၁၇၀ ကျော် ဝင်ရောက်ဖြေဆိုနေတယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ရန်ကုန်နဲ့ မန္တလေး ဗဟိုအကျဉ်းထောင်တွေက တထောင်မှာ ၇၁ ယောက်စီ ဖြေဆိုကြ ပါတယ်။ လွိုင်ကော် အကျဉ်းထောင်မှာ ၄ ယောက်၊ ဘားအံ အကျဉ်းထောင်မှာ ၁၅ ယောက်၊ တောင်ငူထောင်မှာ ၄ ယောက်၊ မြိတ်ထောင်နဲ့ ကသာထောင်မှာ ၂ ယောက်စီ၊ သရက်နဲ့ မုံရွာထောင်မှာ ၁ ယောက်စီ ဖြေဆိုနေကြပါတယ်။ မန္တလေး အိုးဘိုထောင်မှာ အမျိုးသမီးအကျဉ်းသူ ၁၂ ယောက် ဖြေဆိုနေပြီး အင်းစိန်ထောင်မှာ အကျဉ်းသူ ၃ ယောက် ဖြေဆိုနေပါတယ်။ မနှစ်က ဖြေဆိုသူ စုစုပေါင်း ၁၀၄ ယောက်ပဲ ရှိတာကြောင့် ဒီနှစ်မှာတော့ သိသိသာသာ စံချိန်တင်များလာတာပါ။ ပြီးခဲ့တဲ့နှစ်က အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သူ ၅ ယောက် အပါအဝင် ဂုဏ်ထူးရှင် ၂၈ ယောက်ရှိပြီး စုစုပေါင်း ၄၇ ယောက် အောင်မြင်ခဲ့ပါတယ်။ အကျဉ်းထောင်တွေမှာ  အခြေခံပညာအဆင့်နဲ့ အဝေးသင်တက္ကသိုလ်တက်နေတဲ့ အကျဉ်းသားပေါင်း ၃၀၀ လောက်ရှိတယ်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးမင်းထွန်းစိုးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up