အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစီး ကြောက်မက်ဖွယ် မီးလောင် (ရုပ်သံ)
DVB
·
March 4, 2019

အမြန်လမ်း မိုင်တိုင် ၃၄၇ နားမှာ ဒီနေ့ ညနေ ၄ နာရီလောက်က ခရီးသည်ယာဉ်တစီး မီးလောင်ခဲ့တယ်လို့ ဥမင်ရဲကင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
နောက်ဘက်ဘယ်ဘီး ဘရိတ်ရှူးကပ်ပြီး အပူလွန် မီးလောင်တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ မရဘူးလို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။
ကားဟာ စစ်တွေနဲ့ မန္တလေးကို ပြေးဆွဲနေတဲ့ ရွှေလမင်းယာဉ်လိုင်းကဖြစ်ပြီး ကားပေါ်မှာ ခရီသည် ၃၉ ယောက် ပါလာပါတယ်။