Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ကြံ့ခိုင်ရေးနှင့်တပ်ကိုယ်စားလှယ်များ ထပ်မံထည့်သွင်း
DVB
·
February 21, 2019
39027443_2221537947861212_4596961247039062016_o
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ၂ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ၁၀ ဦးကို ထပ်မံထည့်သွင်း တာဝန်ပေးအပ်လိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အပိုဒ် ၂ ဖွဲ့စည်းခြင်း၊ အပိုဒ်ခွဲ (ဂ)အမှတ်စဉ် ၁၇၊ ၁၈၊ ၃၄ မှ ၄၁ ထိပါ အဖွဲ့ဝင်နေရာတွေမှာြ့ကံခိုင်ရေးပါတီဝင် ၂ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၈ ဦးတို့ကို ထပ်မံထည့်သွင်း တာဝန်ပေးအပ်လိုက်တာလို့ ပြည်ထောင်စုလွှတ်တော်ရုံးက အမိန့်ကြေညာစာ ထုတ်ပြန်လိုက်တာပါ။ ပူးပေါင်းကော်မတီ အဖွဲ့ဝင်တွေအဖြစ် ကြံ့ခိုင်ရေးပါတီ မိုင်ပန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးနဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှ  ဦးဆီဟူးဒွေ့တို့ဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဗိုလ်မှူးချုပ် တင်ဆွေဝင်း၊ ဒုဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ဒုဗိုလ်မှူးကြီး သန့်ဇော်၊ ဗိုလ်မှူးဇင်လင်း၊ ဒုဗိုလ်မှူးကြီး  အောင်ထွန်းလင်း၊ ဒုဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ ဗိုလ်မှူး သိန်းလွင်ဌေးနဲ့ ဗိုလ်မှူး မျိုးထက်လင်းတို့ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဦးဆောင်မယ့် ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ဒုနာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာဖြစ်ပြီး ပုဂ္ဂိုလ် ၄၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။ ပူးပေါင်းကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာတွေ့ရှိချက် အစီရင်ခံစာနဲ့ ပြင်ဆင်မယ့် ဥပဒေကြမ်းတို့ကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ၅ လအတွင်း အပြီးရေးဆွဲကာ လွှတ်တော် နာယကထံ တင်ပြရမှာလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024