Home
မြန်မာသတင်း
မကွေးတိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ သရက်ထောင် သွားရောက်လှူဒါန်း
DVB
·
February 14, 2019
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ သရက်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သရက်ထောင်က အကျဉ်းသားတွေကို တရက်စာ ထမင်းသွားရောက်ကျွေးမွေးခဲ့ပြီး ခေါက်ဆွဲခြောက်တွေနဲ့ အ၀တ်အစားတွေလည်း လှူဒါန်းခဲ့ပါတယ်။ လက်ရှိ သရက်အကျဉ်းထောင်မှာ ထောင်ကျနေသူ ၁၃၉၁ ယောက်ရှိပြီး အများစုမှာ လူသတ်မှုနဲ့ မူးယစ်ဆေးဝါးမှုတွေဖြစ်ကြပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းနေရာတချို့ ကို လေ့လာခွင့်ရခဲ့ပေမယ့် ဖုန်းယူခွင့်နဲ့ ဓာတ်ပုံရိုက်ခွင့်ကိုတော့ ကန့်သတ်ခံခဲ့ရ ပါတယ်။ သရက်ထောင်မှာ အကျဉ်းကျခဲ့ဖူးတဲ့  နိုင်ငံရေးအကျဉ်းသားတွေက အမှတ်တရ ကျောက် တိုင်စိုက်ထူဖို့ မြေနေရာတောင်းဆိုခဲ့တာကို သရက်မြို့မြောက်ဘက်မှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ခွင့်ပြုပေးခဲ့တယ်။ သရက်အကျဉ်းထောင်ကို ၁၈၈၃ ခုနှစ်ကတည် ဆောက်ခဲ့ပြီး အရင်က ထောင်ကျ အကျဉ်းသားတွေအတွက် နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့  (ခ)အဆင့် အကျဉ်းထောင်တခုလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024